June 2023

“မြန်မာတောင်ပိုင်းဒေသမှာ ထိုးစစ်ကနေ ခံစစ်အသွင်ပြောင်းလာတဲ့ စစ်ကောင်စီတပ်”

သထုံ၊ ဇွန်(၁၁) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ ၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအဆုံးအဖြတ်ပေးမယ့်နှစ်အဖြစ် သတ်မှတ်ထားပြီး နှစ်တဝက်ကျိုးလာတဲ့ခါမှာတော့ မြန်မာပြည်တောင်ပိုင်းဒေသအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲပုံစံ ပြောင်းလဲလာတယ်လို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက သုံးသပ်ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရာနဲ့ချီပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်အာဏာ ရှင် စနစ်အမြတ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေကြောင့် ဒီကနေ့အထိ စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံနီးပါး စစ်မျက်နှာဖွင့်ထားရတာပါ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့…

သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရ

သထုံ၊ ဇွန်(၁၁) မွန်ပြည်နယ် သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခမရ(၂) တပ်ရင်းနဲ့ အမှတ် (၄၀၂) အမြောက်တပ်တို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျေးရွာတွေထဲ နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်နေတဲ့ သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့…

တိုက်ပွဲတွေကြောင့် ကျောက်ကြီးဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

ကျောက်ကြီး၊ ဇွန်(၁၁) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) နယ်မြေ ကျောက်ကြီးမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူလူထုတစ်သောင်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီကနေ သိရပါတယ်။ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်ထဲက နတ်သံကွင်းမြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့နေရာ(၅)ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃)လက်အောက်ခံ ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လ(၆)ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်…

ကယားမှာ Elon Musk ရဲ့ Starlink အင်တာနက်လိုင်း အသုံးပြုလို့ရပြီ

လွိုင်ကော် – ဇွန်(၁၀) စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်တနေရာမှာ ကမ္ဘာကျော်သူဌေးကြီး အီလွန်မက် ရဲ့ Starlink အင်တာနက်လိုင်းစတင်အသုံးပြုလို့ရပြီလို့ Free Burma Ranger (FBR)တည်ထောင်သူ David Eubank ကသူ့ရဲ့တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။ အခုလို Starlink အသုံးပြုခွင့်ရတဲ့အတွက် ကျေးဇူးတင်ပြီး ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးထားပါတယ်။ အီလွန်မက် ပိုင်ဆိုင်တဲ့ Starlink အင်တာနက်လိုင်းဟာ အမေရိကန်လေကြောင်းအာကာသ…

အင်ဒိုနီးရှားက အာနက်ကာရာကာတာအို မီး တောင် ပေါက်ကွဲပြီး မီးတောင်ပြာတွေ ထုထည် လိုက် ဖြစ်ပေါ်နေ

ဂျာကာတာ၊ ဇွန်(၁၁) အင်ဒိုနီးရှားနိုင်ငံက အာနက်ကာရာကာတာအို မီးတောင်ဟာ ဇွန်လ(၉)ရက်နေ့မှာ ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာ​တွေဟာ ကောင်းကင်အထက် ၃ ကီလိုမီတာကျော်ကို ရောက်ရှိခဲ့တယ်လို့ အာ ဏာ ပိုင်တွေက ပြောကြားခဲ့ပါတယ်။ ကာရာကာတာအို မီးတောင်ဟာ (၁၈၈၃)ခု နှစ်တုန်းကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးပြီး သမိုင်း ကြောင်းတစ်လျှောက်တွင် သေဆုံးမှုအများဆုံးနဲ့ဖျက်ဆီးမှုအများဆုံးဖြစ်ခဲ့တာပါ။ အာနက် ကာရာကာတာအို မီးတောင်ရဲ့ အနက် အဓိပ္ပါယ်ကိုတော့ကာရာကာတာအိုရဲ့ ကလေးငယ်လို့…

ယူကရိန်းကို တိုက်ခိုက်ဖို့ ရာနဲ့ချီတဲ့ အီရန်ဒရုန်းတွေ ရုရှားလက်ခံထားတယ်လို့ ကန်အစိုးရဆို

မော်စကို – ဇွန်(၁၁) ရုရှားနိုင်ငံဟာ အီရန်နဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြင့်ဆောင်ရွက်နေပြီး ယူကရိန်းကို တိုက်ခိုက်ဖို့ အသုံးပြုတဲ့ တစ်လမ်းသုံး တိုက်ခိုက်ရေးဒရုန်းရာနဲ့ချီ လက်ခံရရှိထား တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ အဲဒီဒရုတ်တွေကို အီရန်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ကက်စပီယံပင်လယ်ကို ဖြတ်ကာ တင်ပို့ ပြီးနောက် ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားတပ်ဖွဲ့တွေက အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုထားတာ ပါ။ “ရုရှားသည်…

တရုတ်-ကျူးဘား လျှို့ဝှက်အပေးအယူ နောက်ဆက်တွဲအဖြစ် ဘလင်ကန် ဘေဂျင်ကို သွားမယ်

ဘေဂျင်း – ဇွန်(၁၁) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ လာမယ့်အပတ်မှာ သွားရောက်မှာ ဖြစ်ပြီး အဲဒီခရီးစဉ်မှာ တင်းအားမြင့်တက်နေတဲ့ ဆက်ဆံရေးကို တည်ငြိမ်စေဖို့ ကာလရှည်ကြာ ရပ်ဆိုင်းနေတဲ့ ဆွေးနွေးပွဲအတွက်ဖြစ်တယ်လို့ ကန်အာဏာပိုင်တွေက ပြောပါတယ်။ အမည်မဖော်ပြထားတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဇွန်လ(၇) ရက်နေ့မှာ သတင်းအစီရင်ခံခဲ့တာပါ။ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ လာမယ့် ဇွန်လ(၁၈) ရက်နေ့မှာ…

ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က (၁၂) ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ MOD ထုတ်ပြန်

ဆားလင်းကြီး – ဇွန်(၁၀) စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက် က (၁၂) ဦးသေဆုံးပြီး လက်နက်(၇) လက်သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။ စခန်းသိမ်းတိုက်ပွဲအပြီးမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န.မ.ခ) မှတက်လာတဲ့ Mi-35 (၁) စီးနဲ့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပေမယ့် ညောင်ပင်ကြီး ရဲစခန်းကို အောင်မြင်စွာစီနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးကာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။…