June 2023

တန်ပြန်ထိုးစစ်နဲ့ နိုင်ငံပိုင်နယ်မြေတချို့ကို ယူကရိန်းစစ်တပ်ပြန်လည်း သိမ်းယူနေ

ကီးယက် – ဇွန်(၁၃) ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှု ကြေညာပြီးနောက်တစ် ရက် အကြာမှာ အရှေ့တောင်ဘက်မှာရှိတဲ့ စုဝေးအခြေချနေထိုင်ကြတဲ့ စတုတ္ထမြောက်ရွာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ ယူကရိန်းဟာ အရှေ့ဘက်နဲ့ တောင်ဘက်က နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်မယ်လို့ မျှော်လင့်ထားသလို သိမ်းပိုက်ခံထားရတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ထောက်ပံ့ဖို့ ရုရှား အသုံးပြုနေတဲ့ မြေသားတံတားကို ခြိမ်းခြောက်နေတဲ့အတွက် ယူကရိန်းဟာ ထိခိုက်မှု…

မော်လမြိုင်မှာ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

မော်လမြိုင် – ဇွန်(၁၂) မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မဟာမြိုင်ရပ်(၆)လမ်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ(၁၁) ရက်နေ့ ညပိုင်းက အသက်(၃၀) အရွယ် အမျိုးသမီးဟာ ကြိုးဆွဲချသေဆုံးနေတာဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို ဇွန်လ(၁၂) ရက်နေ့ မနက်အစောပိုင်းမှာ တွေ့ရှိခဲ့တာပါ။ လက်ရှိအချိန်မှာတော့ သေဆုံးသူအမျိုးသမီးဟာ ဘာအကြောင်းကြောင့်…

မုန်တိုင်းသင့် ပြည်သူတွေကို ရက္ခိုင့်တပ်တော် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြေခံရိက္ခာ ဖြန့်ဝေပေးနေ

စစ်တွေ – ဇွန်(၁၂) ရခိုင်ပြည်နယ်ကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုချာဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု တွေနဲ့ စားနပ်ရိက္ခာလိုအပ်နေတဲ့ ပြည်သူတွေအတွက် ရက္ခိုင့်တပ်တော် AA က ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အခြေခံလိုအပ်တဲ့ ဆန်နဲ့ အမိုးအကာတွေ ဖြန့်ဝေပေးနေပါတယ်။ မုန်တိုင်းကာလကစပြီး ဒီနေ့ ဇွန်လ(၁၂) ရက်နေ့အထိ အာရက္ခပြည်သူ့အစိုးရရဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ULA/AA ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေဟာ လူမျိုးမရွေးဘာသာမရွေး မုန်တိုင်း ဒဏ်သင့်…

အမှတ်(၈) လမ်းမကြီးပေါ်သွားလာနေတဲ့ မော်တော်ယာဉ်တွေပေါ်မှာ စစ်တပ်နဲ့ ပတ်သက်တာတင်ရင် အရေးယူမယ်လို့ KNU အမိန့်ထုတ်

မော်လမြိုင် – ဇွန်(၁၁) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ-၆ က မော်လမြိုင်၊မုဒုံ၊သံဖြူဇရပ်၊ရေး၊ထားဝယ်၊ ဘိတ်နဲ့ အမှတ်(၈) လမ်းမကြီးမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေပေါ်မှာ စစ်ကောင်စီနဲ့ ပတ်သက် တဲ့ လူနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေတင်ဆောင်ရင်အရေးယူမယ်လို့ KNU တပ်ရင်း-၂၇ ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေဟာ ခရီးသွားပြည်သူလူထုကို အကာအကွယ်ယူပြီး သွားလာနေကြတဲ့အတွက် ဒီအမိန့်ကိုထုတ်ပြန်ထားတာဖြစ်တယ်လို့ ဆိုထားပါတယ်။ လက်ရှိအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ…

ကော့ကရိတ်မှာ လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး ထိမှန်ဒဏ်ရာရ

ကော့ကရိတ်၊ ဇွန်(၁၁) KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး(၂)ဦးအပါအဝင် အရပ်သားပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၉)ရက်နေ့ ည(၉)နာရီခွဲအချိန်က ကော့ကရိတ်မြို့ စစ်ကောင်စီရဲ့ လှိုင်ဝအမြောက်တပ်ကနေ ရည်ရွယ်ချက်ရှိရှိ ကမိုင်ကုန်းကျေးရွာထဲကို လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကမိုင်ကုန်းကျေးရွာက အသက်(၄၂)နှစ်အရွယ်…

သရက်ချောင်းဒေသခံ ၄၀ ကျော် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရ

သရက်ချောင်း၊ ဇွန်(၁၁) တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ကနက်သီရိနဲ့နတ်ဆိပ်ကျေးရွာက အရပ်သားပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့မှာ ဝင်းဝရဲစခန်းကနေ ထွက်လာတဲ့ တပ်အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ ကနက်သီရိနဲ့နတ်ဆိပ်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ ကနက်သီရိရွာထဲ စစ်ကြောင်းထိုးလာစဉ်…

အကူအညီပိတ်ပင်ခံရလို့ မိုင်တိုင်းသင့်ဒေသတွေ ပြန်ထူထောင်ဖို့ ပိုမိုခက်ခဲသွားပြီ

စစ်တွေ၊ ဇွန်(၁၁) မုန်တိုင်းသင့်ဒေသတွေထံ အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကို စစ်ကောင်စီရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ ပိုမိုခက်ခဲသွားပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြုံခဲ့ရတဲ့ ဒေသတွေထံ ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကို ဇွန် ၇ ရက်နေ့ကစပြီး ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ…