June 2023

ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုလှုပ်ရှားမှု ပြုလုပ်

ရန်ကုန် – ဇွန်(၁၄) ရန်ကုန်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြို လှုံ့ဆော်ရေး လှုပ်ရှားမှုအဖြစ် ဒီနေ့ ဇွန်လ(၁၄) ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB) က သတင်းထုတ်ပြန်ထားပါတယ်။ ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ပြ သပိတ်အင်အားစုတွေ စုပေါင်းပြီး လာမယ့် ဇွန်လ(၁၉) ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)…

“စစ်ဧရိယာမှာရောက်နေတဲ့ အမျိုးသမီးတွေဆိုရင် သတင်းရရှိမှုအရ စစ်ကောင်စီရဲ့ အဓမ္မကျင့်ပြုကျင့်ပြီးမှ ဖခင်ရှေ့မှာပဲ အသတ်ခံရတဲ့ အနေအထားတွေ ဖြစ်နေတယ်”

ကယားပြည်နယ်ထဲက အမျိုးသမီးတွေဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း မတရားဖမ်းဆီးခံရတာ၊ ညှဉ်း ပန်းနှိပ်စက်သတ်ဖြတ်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာ၊ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှု ဒဏ်ကို အလူးအလဲခံစားနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကယားပြည်နယ်ထဲ အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ အမျိုးမျိုးဖိနှိပ်မှုတွေကြားမှာ အချင်းချင်းအပြန်အလှန် ကူညီပြီး ကျရာအခန်းကဏ္ဍမှာ ဆက်လက်ပါဝင်နေတာ ပါ။ ဒါကြောင့် အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အမျိုးသမီး…

သံလွင်တံတားပေါ်မှာ စစ်ကားဝင်တိုက်လို့ ဆိုက်ကယ်မောင်းသူတစ်ဦး သေဆုံး

ပေါင် ဇွန် (၁၄) မွန်ပြည်နယ်၊ သံလွင်တံတာ(မော်လမြိုင်) မုတ္တမဘက်ခြမ်းမှာ စစ်ကားဝင်တိုက်ပြီး ဆိုင်ကယ် မောင်းနှင်သူတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ(၁၃) ရက်နေ့ ညနေပိုင်းက သံလွင်တံတား(မော်လမြိုင်) မုတ္တမဘက် ခြမ်းမှာ တံတားအတက် တံတားချဉ်းကပ်လမ်းနေရာမှာ မုတ္တမဘက်က မော်လမြိုင်ကို တပ်သား မောင်မောင်ဦး မောင်းနှင်လာတဲ့ FAW ကားတစ်စီးက အရှိန်လွန်တိမ်းမှောက်ပြီး…

လောင်းကစားမြို့တော်လို့နာမည်ကြီးတဲ့ ရွှေကုက္ကိုလ်မြို့ မီးဖြတ်ခံရပေမယ့် မီးစက်တွေနဲ့လည်ပတ်နေ

မြဝတီ၊ ဇွန်(၁၄) ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်ဘက်ကို ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ ရွှေကုက္ကိုလ်မြို့သစ်ထဲမှာရှိတဲ့ တရုတ်လူမျိုးတွေနဲ့ ငွေကြေးတတ်နိုင်သူလုပ်ငန်းရှင်တွေက မီးစက်ဝယ်ယူအသုံးပြုမှု ပိုမိုများပြားလာတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ တရားမဝင်လောင်းကစားမြို့တော်လို့ နာမည်ကြီးနေပြီး ကရင်နယ်ခြားစောင့်တပ် BGF အပြည့်အ၀ ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ(၅)ရက်နေ့ ည(၁၂)နာရီအချိန်ကစလို့ ထိုင်းဘက်ခြမ်းက လျှပ်စစ်ဓာတ်အားပေးပို့မှု ရပ်ဆိုင်းထားလိုက်တာ ဖြစ်ပါတယ်။…

လောင်းလုံးဒေသခံ ၈ ဦးကို အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်ဝင်ဖမ်း

လောင်းလုံး၊ ဇွန်(၁၄) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာနဲ့အင်းစောက်ကျေးရွာနေ ဒေသခံ ၈ ဦးကို စစ်ကောင်စီတပ်က ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီနေ့ မနက် ၁၀ နာရီအချိန်လောက်မှာ လောင်းလုံးမြို့အဝင် သဗျာကျေးရွာရှိ စားသောက်ဆိုင်တစ်ဆိုင်ကို…

စစ်အာဏာသိမ်း (၈၆၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၅၉ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၁၄) AAPP ရဲ့ ဇွန်(၁၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၆၃)ရက်အတွင်း ပြည်သူ (၃၆၅၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၃၂၃ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

နိုင်ငံရေးအမြတ်ထုတ်လိုမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်တာလို့ စစ်ခေါင်းဆောင်အပြစ်ဖို့

နေပြည်တော်၊ ဇွန်(၁၄) ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ ဝိသမလောဘသားတွေရဲ့ ငွေကြေးကစားမှုနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုတွေကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းထက် မြင့်မားနေရတာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ စစ်ကောင်စီလက်ထက် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းဖို့အတွက် ဇွန် ၁၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်က နိုင်ငံအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့…

စစ်ကောင်စီထံ KIA တပ်ဖွဲ့ဝင် ၂ ဦ အလင်းဝင်မှု လုပ်ကြံဝါဒဖြန့်တာလို့ KIA တုံ့ပြန်

တနိုင်း၊ ဇွန်(၁၄) စစ်ရေးနဲ့ အုပ်ချုပ်ရေးတွေမှာ စည်းရုံးမှုစွမ်းရည်ကျဆင်းနေတဲ့ စစ်ကောင်စီက ကချင်ပြည်နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ခဲယမ်းနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ ဇွန် ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ သတင်းဖော်ပြချက်အရ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်နှစ်ဦးကို မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမမှာ ပြန်လည်လက်ခံပြီး မိဘအုပ်ထိန်းသူတွေထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဥပဒေဘောင်အတွင်း…

သေချာမစိစစ်ဘဲငှားရမ်းတဲ့ နေအိမ်တိုက်ခန်းတွေကို သိမ်းယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

ရန်ကုန်၊ ဇွန်(၁၄) သေချာမစိစစ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ငှားရမ်းနေထိုင်ခွင့်ပေးထားတဲ့ နေအိမ်တိုက်ခန်းနဲ့ အဆောင်တွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ အဆောင်၊ နေအိမ်တိုက်ခန်းပိုင်ရှင်တွေအနေနဲ့ ငှားရမ်းသူတွေရဲ့ ကိုယ်ရေးအချက်အလက်၊ အထောက်အထားအပြည့်အစုံရှိမှသာ ငှားရမ်းရမှာဖြစ်သလို အဲဒီချက်အလက်တွေနဲ့ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေထံ ဧည့်စာရင်းတိုင်ကြားရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နေအိမ်တိုက်ခန်းပိုင်ရှင်တချို့ဟာ လိုက်နာခြင်းမရှိဘဲ ဆက်လက်ငှားရမ်းပေးနေတာဟာ…