June 2023

ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်လာဖို့ရှိနေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်မှာ လူ(၁) သိန်းကျော် ရွှေ့ပြောင်းခဲ့ရ

နယူးဒေလီ – ဇွန်(၁၆) အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကို အာရေဗျပင်လယ်မှ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာမယ်လို့ ခန့်မှန်း ထားတဲ့ ဆိုင်ကလုန်း မုန်တိုင်း ဘီပါဂျွိုင်း လမ်းကြောင်းမှာရှိတဲ့ ကမ်းရိုးတန်းဒေသတွေက လူ(၁) သိန်း (၅) သောင်းကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြော ပါတယ်။ ဘင်္ဂါလီဘာသာစကားနဲ့ ဘေးအန္တရာယ် လို့ အဓိပ္ပာယ်ရတဲ့ ဆိုင်ကလုန်း ဘီပါဂျွိုင်ဟာ…

စင်္ကာပူ၊မလေးရှားနဲ့ ထိုင်း မှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ပုံမှန်ထက် နည်းတဲ့ လုပ်ခလစာကိုသာရရှိနေ

စင်္ကာပူ – ဇွန်(၁၆) စင်္ကာပူ၊မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား (၆၁၀) နဲ့ ဒေသ တွင်း ရွှေ့ပြောင်းအလုပ်သမား (၁၂၀၁) ဦးတို့ဟာ အနည်းဆုံးလုပ်ခလစာထက် နည်းပါးတဲ့ ပမာဏကိုသာ ရရှိနေကြတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ကနေ စက်တင်ဘာလအထိ ကောက်ခံရရှိထားတဲ့ အချက် အလက်တွေအရ…

ထီးလင်းကို အင်အား(၁၀၀) ကျော်နဲ့ စစ်ကြောင်းထိုးနေပြီး ပြည်သူနှစ်ဦး သတ်ဖြတ်ခံထားရ

ထီးလင်း – ဇွန်(၁၅) မကွေးတိုင်း၊ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်မှာ စစ်ကောင်စီက အင်အား (၁၅၀) လောက်နဲ့ စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဖမ်းဆီးထားက (၂) ဦးကို သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဇွန်လ(၁၅) ရက်နေ့ မနက်ပိုင်းက အုန်းထွဲရွာကနေ ကွမ်းစဲရွာကို ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ လက်ပန်ရွာနဲ့ တိရွာကြားကို ရောက်ရှိနေကာ…

ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရ တစ်ဦးသေဆုံး

ပေါင်းတည် – ဇွန်(၁၅) ပဲခူးတိုင်း၊ပြည်ခရိုင် ပေါင်တည်မြို့နယ် ပဲခူးရိုးမခြေရင်းမှာရှိတဲ့ ရွှေလေးကြိုးဝိုင်း သစ်ဖြူချောင်းနားကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် တစ်ဦးသေဆုံးခဲ့တယ်လို့ ပဲခူး PDF ကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၃) ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF) နဲ့ ပြည်ခရိုင်…

လယ်ဝေးမှာ စစ်ကောင်စီရဟတ်ယာဉ်ပျက်ကျ လေယာဉ်မှူးနဲ့ သင်တန်းသားသေဆုံး

နေပြည်တော် – ဇွန်(၁၅) နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပြီးနောက် လေယာဉ်ပေါ်ပါတဲ့ လေယာဉ်မှူးနဲ့ သင်တန်းသား တို့သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဇွန်လ(၁၅) ရက်နေ့ မနက်ပိုင်းက နေပြည်တော်ကနေ မိတ္ထီလာမြို့ကို လေ့ကျင့်ပျံသန်းစဉ် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် လယ်ဒါကြီး ကျေးရွာအနောက် တောင်ဘက် (၅) မိုင်အကွာကိုရောက်ရှိချိန်မှာ စက်ချို့ယွင်းမှု…

“သုံးသပ်ပြောရမယ်ဆိုရင် အခုလက်တွေ့တစ်လရှိပြီ။ တစ်ချို့ဆို ဆန်တစ်ဗူးတောင်မရဘူး”

ပြီးခဲ့တဲ့ မေ၁၄ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခတ်တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ လူပေါင်း ၄၀၀ကျော်သေဆုံးပြီး လူဦးရေသိန်းနဲ့ချီ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတာပါ။ ဒါပေမဲ့မုန်တိုင်းတိုက်ခတ်ပြီး တစ်လကျော်ကြာတဲ့အထိ မုန်တိုင်းဒဏ် သင့်ပြည်သူတွေ အကူအညီတွေမရရှိသေးသလို ကူညီပေးနေတဲ့အဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့…

သထုံမြို့နယ်မှာ သေဆုံးနေတဲ့ အမျိုးသား ၂ ဦး ရုပ်အလောင်းတွေ့

သထုံ၊ ဇွန်(၁၅) မွန်ပြည်နယ် သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး PTT စက်သုံးဆီအရောင်းဆိုင်ဝင်းဟောင်းထဲက အသုံးမပြုတော့တဲ့ KTV အခန်းတစ်ခုထဲမှာ သေဆုံးနေတဲ့ အမျိုးသား ၂ ဦး ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့က PTT စက်သုံးဆီဝင်းဟောင်းထဲ သွားရောက်စစ်ဆေးစဉ် ပုပ်ပွသေဆုံးအသားကျနေတဲ့…

စစ်အာဏာသိမ်း (၈၆၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၅၉ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၁၅) AAPP ရဲ့ ဇွန်(၁၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၆၄)ရက်အတွင်း ပြည်သူ (၃၆၅၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၃၃၇ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…