June 2023

အမေရိကန်ရဲ့အကြီးစား Chip ထုတ်လုပ်ရေးကုမ္ပဏီMicron က တရုတ်မှာ အမေရိကန်ဒေါ်လာ သန်း၆၀၀ ကျော်ရင်းနှီးမြှုပ်နှံမယ်

ဘေဂျင်း၊ ဇွန်(၁၈) အမေရိကန်ပိုင်ချစ်ပ်ပြား ထုတ်လုပ်ရေးကုမ္ပဏီ မိုင်ခရွန်က တရုတ်နိုင်ငံမြောက်ဘက်ရှိ ထုတ်လုပ်ရေးနဲ့ စမ်း သပ်ရေးစက်ရုံမှာ အမေရိကန်ဒေါ်လာ ၆၀၀ မီလီယမ်ကျော် ရင်းနှီးမြှုပ်နှံဖို့ရှိတယ်လို့ ဇွန်လ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ WeChat ရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့ ကုမ္ပဏီဟာ ရှီအန်မြို့ရှိ သူ့ရဲ့စက်ရုံမှာ စက်ပစ္စည်းကိရိယာတွေ ဝယ်ယူဖို့နဲ့ စက်ရုံသစ်တစ်ခုအတွက် လာမယ့်နှစ်အနည်းငယ်အတွင်း တရုတ်ယွမ်ငွေ ၄.၃ ဘီလီယံ (အမေရိ…

ရေအောက်အခြေခံအဆောက်အအုံတွေကို ရုရှားဖျက်ဆီးမှာ စိုးရိမ်နေရတဲ့အတွက် နေတိုး စောင့်ကြည့်နေ

ဝါရှင်တန် – ဇွန်(၁၈) နေတိုးအဖွဲ့ဟာ နော့ဒ့်စထွင်း ဓာတ်ငွေ့ပိုက်လိုင်းတွေ တိုက်ခိုက်ခံရပြီးနောက် ဥရောပ တခွင်က အရေးပါတဲ့ ရေအောက်အခြေခံအဆောက်အအုံတွေကို ရုရှားက မြေပုံထုတ်နေတယ်ဆိုတဲ့ သတင်း တွေကြောင့် ရေအောက်ပိုက်လိုင်းတွေနဲ့ ဒေတာကေဘယ်ကြိုးတွေကို ကာကွယ်ဖို့ စင်တာတစ်ခု တည်ထောင်ခဲ့ပါတယ်။ ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ နေတိုး ကာကွယ်ရေးဝန်ကြီးတွေက အရေးကြီးတဲ့ ရေအောက်အခြေခံအဆောက်အအုံတွေရဲ့ လုံခြုံရေးအတွက် ရေကြောင်းသွားလာရေးဗဟို ဌာန…

ထိုင်းအာဏာရှင်က မြန်မာအာဏာသိမ်းအုပ်စုကို အာဆီယံအစည်းအဝေးပြန်ခေါ်ဖို့ ကြိုးပမ်းနေ

ဘန်ကောက် – ဇွန်(၁၈) ထိုင်းအိမ်စောင့်အစိုးရက မြန်မာစစ်ခေါင်းတွေနဲ့ အာဆီယံကြား ပြန်လည်စေ့စပ်ဖို့ အဆိုပြုနေပြီး ရပ်ဆိုင်းနေတဲ့ ငြိမ်းချမ်းရေး အစီစဉ်တွေကို ဆွေးနွေးဖို့ တရားမဝင်တွေ့ဆုံပွဲ ကျင်းပဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ကြားထားတဲ့ စာတစ်စောင်ကို ရိုက်တာသတင်းဌာနက စုံစမ်းရမိ ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၄) ရက်နေ့က အာဆီယံ မိတ်ဖက်တွေကို ထိုင်းနိုင်ငံခြား ရေးဝန်ကြီးက ဖိတ်ကြားခဲ့တဲ့…

“အခုချိန်မှာတော့ မော်လမြိုင်၊ ရေး၊ ထားဝယ် ကားလမ်းပေါ်မှာတော့ စစ်ကောင်စီတပ်သားတွေက တော်ရုံ တန်ရုံအင်အားနဲ့ မသွားရဲတဲ့ အခြေအနေကို ရောက်နေပြီ။ သာမန်အရပ်သားပြည်သူတွေစီးတဲ့ ကားတွေနဲ့ ခိုးကြောင်ခိုးဝှက် သွားနေရတဲ့ ဘဝကိုရောက်နေပြီ”

မွန်ပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားတဲ့ တော်လှန်ရေးအင်အားစုတွေဟာ စစ်တပ်အာဏာသိမ်း ၂ နှစ် ကျော်ကာလအတွင်း စစ်ကောင်စီတပ်ကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ရာကနေ ထိုးစစ်အသွင်အထိ တိုက် ပွဲတွေ ဖော်ဆောင်လာတာပါ။ အဲဒီထဲမှာ မွန်ပြည်နယ်ရဲ့ ရေးမြို့နယ်နဲ့သံဖြူဇရပ်မြို့နယ် တောင်ပိုင်းတို့ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတစ်ခုဖြစ်သလို စစ်ကောင်စီကလည်း နယ်မြေတချို့ကို လက်လွှတ်ထားရပါတယ်။ ဒါကြောင့် အဲဒီဒေသတွင်း စစ်ရေးအခြေအနေ၊ စစ်ကောင်စီဘက်က ပြင်ဆင်လာတဲ့ စစ်ရေး၊…

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်လယ်ဝေးရှိ ရဲစခန်းကို လက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့တဲ့ တရားခံဟုဆိုကာ အမျိုးသားလေးဦးကိုဖမ်းဆီး

မော်လမြိုင် – မေ (၁၇) နေပြည်တော်လယ်ဝေးမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဗုံးဖောက်ခွဲခဲ့သူတွေလို့ စစ်ကောင်စီကယူဆခြင်းခံရတဲ့ အမျိုးသားလေးဦးကို ဇွန်လ( ၁၆)ရက်က ဖမ်းဆီးလိုက်တယ်လို့ စစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဒီနေ့ဖော်ပြလာပါတယ်။ လယ်ဝေးမြို့ အမှတ် (၃) ရပ်ကွက်ရှိ မြို့မရဲစခန်းနဲ့ ဇမ္ဗူသီရိမြို့နယ်ရှိ MICC(2)-ဂိတ် (၂)ဝင်ပေါက်တွေကို ဇွန်လ (၁၃)ရက်နေ့က လက်ဗစ်ဗုံးနဲ့တိုက်ခိုက်ခံခဲ့ရပြီး ပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီဘက်မှ ရဲတပ်သားတစ်ဦး…

ပုလောလမ်းပိုင်းမှာ လက်နက်ကြီးပစ်ခတ် လမ်းပိတ်ထားလို့ ခရီးသွားကားရာနဲ့ချီပိတ်မိနေ

ပုလော၊ ဇွန်(၁၇) တနင်္သာရီတိုင်ဒေသကြီး ပုလောမြို့နယ် ပလမြို့ မြိတ်-ပုလောလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စစ်ဆေးရေးဂိတ် ပိတ်ထားတဲ့အတွက် ခရီးသွားကားရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ဇွန် ၁၆ ရက်နေ့ မနက် ၉ နာရီအချိန်ကစပြီး ပုလောအခြေစိုက် စစ်ကောင်စီ ခလရ (၂၈၅)တပ်ရင်းနဲ့ပလရဲစခန်းရှိ စစ်ကောင်စီတပ်တွေကနေ ပဝတ်ကုန်းနဲ့ကဒဲရွာဘက်ကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာပါ။…

စစ်အာဏာသိမ်း (၈၆၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၆၃ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၁၇) AAPP ရဲ့ ဇွန်(၁၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၆၆)ရက်အတွင်း ပြည်သူ (၃၆၆၃)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၃၆၁ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

မွန်ပြည်နယ်အတွင်းရှိ ရဲစခန်းအားလုံး လုံခြုံရေးအထူးကြပ်မတ်ဖို့ စစ်ကောင်စီညွှန်ကြား

မော်လမြိုင်၊ ဇွန်(၁၇) မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ရဲစခန်းနဲ့ကင်းစခန်းတွေအားလုံး တိုက်ခိုက်မခံရဖို့အတွက် လုံခြုံရေးအထူးကြပ်မတ်ဖို့နဲ့ ထောင်လှမ်းရေးအမြင်အဖြစ် ကြိုတင်သတင်းလက်ဦးမှုရယူကြဖို့ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ညွှန်ကြားလာတယ်လို့ စုံစမ်းသိရှိပါတယ်။ သံလွင်တိုင်းမ်ရဲ့ သတင်းရင်းမြစ်ဆီကနေ ရရှိထားတဲ့ ဇွန် ၁၂ ရက်နေ့ ရက်စွဲပါ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး (အားလုံး) ကို ပေးပို့တဲ့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ ရည်ညွှန်းစာအပေါ် ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်စား ဒုတိယရဲမှူး ဇော်ဝင်းအောင် လက်မှတ်ရေးထိုးပြီး အခုလိုညွန်ကြားလာတာပါ။ အဲဒီညွန်ကြားစာမှာ…