June 2023

PDF အရာရှိ သင်တန်းဆင်းပွဲကို NUG ယာယီသမ္မတ ဒူဝါလရှီးလ တက်ရောက်

မော်လမြိုင် – ဇွန်(၂၀) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အရာရှိ သင်တန်းဆင်းပွဲကို ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီသင်တန်းကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သင်တန်းသားတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဓာတ်ပုံ – NUG

NUG ဝန်ကြီးတွေ အမေရိကန်ရောက်မြန်မာတွေနဲ့ လူထုတွေ့ဆုံပွဲ ပြုလုပ်

ဝါရှင်တန်ဒီစီ – ဇွန်(၂၀) အမေရိကန်ပြည်ထောင်စု၊ဝါရှင်တန်ဒီစီ မြို့တော်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အမေရိကန်ရောက် မြန်မာပြည်သူတွေ ရဲ့ လူထုတွေ့ဆုံပွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက် မွေးနေ့ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၇) ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားကို ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်နဲ့ ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲတက်ရောက်လာတဲ့ ပြည်သူတွေက…

တပွင်ရွာ ရဲစခန်းကို PDF သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့

စေတုတ္တရာ – ဇွန်(၂၀) မကွေးတိုင်း၊စေတုတ္တရာမြို့နယ် တပွင်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သလို ပျူစောထီး(၂) ဦးကိုလည်း လက်ရဖမ်းဆီးနိုင်တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၅) ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ ခ.လ.ရ-၂၅၃၊၂၅၄၊၂၅၅ နဲ့ က.ပ.စ-၂၀ တို့ရဲ့ အင်အား(၄၀) နဲ့ တပ်စွဲထားတဲ့…

“ဒီစစ်အာဏာရှင်စနစ်ဆိုးမှာ ပြည်သူနဲ့ အလုပ်သမားတွေ ဘဝပြောင်းလဲဖို့ လုပ်ပေးနိုင်တာ ဘာကိုမှမရှိပါဘူး”

မြန်မာနိုင်ငံမှာ အလုပ်သမားတွေဟာ စစ်တပ်အာဏာသိမ်းယူပြီးချိန်ကစပြီး ဒီကနေ့အထိ ရွှေနဲ့ဒေါ်လာဈေး တွေ အဆမတန်မြင့်တက်လာမှုနဲ့အတူ အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အလူးအလဲခံစားနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေဟာ လက်ရှိအချိန်အထိ တစ်ရက်အနည်းဆုံး လုပ်ခလစာဖြစ်တဲ့ ကျပ် ၄၈၀၀ ကနေ ထပ်တိုးမရသေးလို အာဏာသိမ်းကာလအတွင်း တရိပ်ရိပ်တက်လာနေတဲ့ ကုန်ဈေးနှုန်းနဲ့ တိုးမလာတဲ့ အနည်းဆုံးလုပ်ခလစာကြားမှာ ရပ်တည်ဖို့ မနည်းရုန်းကန်နေတာပါ။ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့…

“လေယာဉ်ကို ကျွန်တော်တို့ဘက်က ပြန်ပြီးတော့ တွန်းလှန်ဖို့အတွက် အဲဒီလက်နက်တွေရရင်တော့ ခုနပြောတဲ့ ၆လအတွင်းမှာ စစ်ပွဲကအဆုံးသတ်ပေးလို့တော့ ရနိုင်တယ်လို့ပဲ အဲဒီလိုယုံကြည်တာပေါ့နော်”

တော်လှန်ရေးအင်အားစု အဖွဲ့ပေါင်း ၂၆ ဖွဲ့နဲ့ စုဖွဲ့စည်းထားတဲ့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ကို ပြောက်ကျားစနစ် ကနေ ထိုးစစ်အသွင်ထိ တိုက်ခိုက်လာနိုင်ပါတယ်။ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အား စုတွေရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် သထုံခရိုင်အတွင်းရှိ ခရိုင်ချင်းဆက်လမ်းတွေနဲ့ ကျေးရွာချင်းဆက်လမ်းပိုင်း ၅ ခုထက်မနည်း ဖျက်ဆီးထားပါတယ်။ ဒါကြောင့် သထုံခရိုင်အတွင်း…

ဒီးမော့ဆိုကနေ စစ်ကောင်စီတပ်ပြန်ဆုတ်

ဒီးမော့ဆို၊ ဇွန်(၂၀) ကယားပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒေါညေးခူကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေ နယ်မြေစွန့်ခွာပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဒေါညေးခူးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ကား(၁၀)စီးနဲ့ ပြီးခဲ့တဲ့ ဇွန်လ (၁၄)ရက် နေ့မှာ ပြန်လည်ဆုတ်ခွာသွားခဲ့တာပါ။ ပြန်လည်ဆုတ်ခွာသွားတဲ့တပ်ဟာ ဒေါတမကြီးကျေးရွာအုပ်စုထဲကို ပြီးခဲ့တဲ့ မေလ(၂) ရက်နေ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး ဒေါညေးခူနဲ့ဒေါဆိုဖျကျေးရွာတွေမှာ တပ်စွဲထားတာဖြစ်ပါတယ်။ တပ်ပြန်ဆုတ်သွားတဲ့…

ဘီးလင်းမြို့နယ် မြေယာစီမံကိန်းရုံး မိုင်းခွဲဖောက်ဖျက်ဆီးခံရ

ဘီးလင်း၊ ဇွန်(၂၀) မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာရှိ အောင်ဆန်းမြို့သစ် မြေယာစီမံကိန်းရုံးဟာ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ရုံးအဆောက်အဦးတစ်ခုလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေ မကြာခဏလာရောက်တတ်တဲ့ ယာယီမြေယာစီမံကိန်းရုံးဟာ ဇွန် ၁၈ ရက်နေ့ နေ့လည်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ရုံးအဆောက်အဦးတစ်ခုလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ် ရာရတာတော့မရှိဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။…

စစ်အာဏာသိမ်း (၈၆၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၇၂ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၂၀) AAPP ရဲ့ ဇွန်(၁၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၆၉)ရက်အတွင်း ပြည်သူ (၃၆၇၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၃၇၇ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…