June 2023

စစ်အာဏာသိမ်း (၈၇၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၇၉ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၂၁) AAPP ရဲ့ ဇွန်(၂၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၇၀)ရက်အတွင်း ပြည်သူ (၃၆၇၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၃၈၆ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၄၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

မွန်ပြည်နယ်မှာ အလုပ်သမားရှားပါးမှုကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရ

မော်လမြိုင်၊ ဇွန်(၂၁) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း အလုပ်သမားရှားပါးမှုပြဿနာ ပိုမိုကြီးထွာလာတဲ့အတွက် အခုနှစ်မိုးစပါး စိုက်ပျိုးဖို့ အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မိုးစပါးစိုက်ပျိုးချိန်မှာ ဧရာဝတီ၊ ပဲခူးတိုင်းအပါအဝင် အနယ်နယ်အရပ်ရပ်က ကျွမ်းကျင်လုပ်သားတွေ လာရောက်တာတွေရှိပေမယ့် ဒီနှစ်မှာလည်း နယ်မြေမတည်ငြိမ်တာ၊ လမ်းခရီးသွားလာရခက်ခဲတာအပြင် စစ်ကောင်စီရဲ့ ဧည့်စာရင်းအပါအဝင် ကန့်သတ်ချက်တွေကြောင့်လည်း အလုပ်သမားဝင်ရောက်မှု သိသိသာသာ ကျဆင်းနေတာပါ။ ဒေသတွင်း လုပ်သားအများစုကလည်း…

အာဏာသိမ်းကာလ မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲရောင်းချမှု ပိုမိုကြီးထွားလာ

မော်လမြိုင်၊ ဇွန်(၂၁) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှု ပိုမိုကြီးထွားလာပေမယ့် အရေးယူဆောင်ရွက်မှု မရှိသလောက် နည်းပါးနေတယ်လို့ မူးယစ်ဆေးဝါးအရေးလုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှုအရ မွန်ပြည်နယ်ရဲ့ မြို့နယ်တွေဖြစ်တဲ့ မုဒုံ၊ကျိုက်မရော၊သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ သိသိသာသာ ကြီးထွားလာပြီး ကျန်မြို့နယ်တွေဖြစ်တဲ့ ပေါင်၊ချောင်းဆုံ၊မော်လမြိုင်၊ ဘီးလင်း၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တို့မှာလည်း သုံးစွဲရောင်းချမှု…

ခလယ်တံခွန်တိုင်မှာ လက်နက်ကြီးကျလို့ ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

ကြာအင်းဆိပ်ကြီး၊ ဇွန်(၂၁) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ဒေသထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး လက် နက်ကြီးထိမှန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ ညက မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်ကနေ KNU…

ကင်မွန်းချောင်းရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

ကျိုက်ထို၊ ဇွန်(၂၁) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေမှာရှိတဲ့ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ဒရုန်းနဲ့ ဗုံး ၁၀ လုံးချပြီး တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ စုပေါင်းနေထိုင်တဲ့ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က…

နိုင်ငံတစ်ဝန်းပန်းသပိတ်လုပ်လို့ ဖမ်းဆီးခံရသူ အမျိုးသမီး ( ၅၀)ခန့်ရှိပြီး၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးအမှုဖွင့်ခံရ

ရန်ကုန်၊ ဇွန် (၂၀) နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်ဆင်နွှဲကြသူတွေကို စစ်ကောင်စီဖမ်းဆီး ခေါ်ဆောင်ခဲ့ရာမှာ အမျိုးသမီး (၅၀)ခန့်ပါဝင်ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံရသူတွေလည်း ရှိလာနေပါတယ်။ ရန်ကုန်မြို့၊ ပန်းပဲတန်းမြိုနယ် သမာဓိရွှေဆိုင်နှစ်ဆိုင်မှ အမျိုးသမီးဝန်ထမ်း ၁၃ ဦး နှင်းဆီပန်းပန်ခဲ့လို့ မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့(ပန်းပဲတန်း)ရုံးခန်းသို့ ခေါ်ယူစစ်ဆေးခဲ့တယ်လို့လည်း စစ်တပ်ထောက်…

နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ ဝန်ကြီးချုပ်မိုဒီ အမေရိကန်ကို ထွက်ခွာ

ဝါရှင်တန်- ဇွန်(၂၁) အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးနဲ့ မတူကွဲပြားမှုတွေကို တိုးမြှင့်ဖို့ အမေရိကန်ပြည်ထောင်စုကို (၄) ရက်ကြာအလည်အပတ်ခရီးစတင်ထွက်ခွာသွား ပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။ အမေရိကန်သမ္မတရဲ့ ဖိတ်ခေါ်မှုနဲ့ မိုဒီဟာ သူ့ရဲ့ နိုင်ငံတော်ခရီးစဉ်ကိုစတင်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်က ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း (၆) ကြိမ်မြောက် သွားရောက်လည်ပတ်တာဖြစ်တယ် လို့ ဖော်ပြထားတာပါ။ “၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အမေရိကန်ကို…

အင်ဒိုနီးရှား ဆရာဝန်တစ်ယောက် စွန့်ပစ် ပလတ်စတစ်ဘူးတွေကို အဖိုးအခအဖြစ် လက်ခံပြီး ဆေးကုသ ပေးနေ

ဂျကာတာ ၊ ဇွန်(၂၀) အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ ဆရာဝန်တစ်ယောက်က စွန့်ပစ်ပလတ်စတစ်ဘူးတွေကို အဖိုးအ ခအဖြစ်လက်ခံပြီး ဆေးကုသပေးနေပြီး လူတိုင်းဆေးကုသမှုခံယူနိုင်အောင် ကူညီပေးနေပါတယ်။ မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ စီယန်ဂျာမြို့ အပြင်ဖက်လေးမှာရှိတဲ့ ဟာရာပန်ဆီဟတ်ဆေးခန်းဟာ ဆေးကုသမှု ခံယူချင်သူတွေအတွက် ဆေးဝါးတွေပေးသလို ဆေးလည်းကုသပေးနေပါတယ်။ ဒီလိုစီမံပေးမှုအတွက် လူနာ တစ်ယောက်စာ ကျသင့်ငွေအတွက် ပလတ်စတစ်ဘူး၁၀ဘူးစီ လက်ခံယူနေခဲ့တာဟာ ၂၀၀၉ခုနှစ် ကတည်းက ဖြစ်ပါတယ်။ ကမ္ဘာမြေကို…

အိန္ဒိယမြောက်ပိုင်းက ဒေသတချို့မှာ အပူလှိုင်းရိုက်ခတ်မှုကြောင့် လူသေဆုံးမှုစံချိန်တင်နေ

နယူးဒေလီ – ဇွန်(၂၁) အိန္ဒိယနိုင်ငံမြောက်ပိုင်း အူထရာပရာဒေ့ရှ် ခရိုင်တစ်ခုမှာ အနည်းဆုံးလူ (၄၅) ဦးသေဆုံးခဲ့ တယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပြီး ဒေသတွင်း အပူလှိုင်းကြောင့် သေဆုံးခဲ့ တာဟုတ်/ဟုတ်မဟုတ်ကို အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။ အဲဒီပြည်နယ်နဲ့ ထိစပ်နေတဲ့ နောက်ထပ်ပြည်နယ်တစ်ခုဖြစ်တဲ့ ဘီဟာမှာလည်း လူ(၄၅) ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက…