June 2023

မော်လမြိုင်မှာ ပန်းသပိတ်ဆင်နွှဲတယ်ဆိုပြီး ဒေသခံ ၉ ဦး ဖမ်းဆီးကာ ဆိုင်တစ်ဆိုင်ချိပ်ပိတ်

မော်လမြိုင်၊ ဇွန်(၂၂) မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လူထုခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်ဆင်နွှဲတယ်ဆိုပြီး စစ်ကောင်စီက ဒေသခံ ၉ ဦးဖမ်းဆီးကာ ပန်းပျိုးဥယျာဉ် အရောင်းဆိုင်တစ်ဆိုင်ကို ချိပ်ပိတ်လိုက်တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မော်လမြိုင်မြို့ ရွှေမြိုင်သီရီရပ်ကွက် သစ်ခွမင်းသမီးပျိုးဥယျာဉ်ဆိုင်မှာ ဇွန် ၁၉ ရက်နေ့ နံနက်ပိုင်းက ပန်းလာဝယ်သူတွေ များပြားခဲ့တဲ့အတွက် ဆိုင်ရှင်မှပန်းတွေကို အခမဲ့ဝေငှပေးခဲ့တယ်လို့ မြို့ခံတွေရဲ့…

မော်လမြိုင်-ရေး-ထားဝယ် လမ်းမကြီးမှာ စစ်ဆေးရေးပြုလုပ်ရာကတဆင့် စစ်တပ်နဲ့ ဆက်နွယ်သူ (၄) ဦးကို ဖမ်းဆီးရမိ

မော်လမြိုင် – ဇွန်(၂၁) မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားက မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စု လမ်းမကြီးပေါ်မှာ မော်တော်ယာဉ်သွားလာမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းအဖွဲ့က စစ်ဆေးချိန်မှာ စစ်တပ် နဲ့ ပတ်သက်ဆက်နွယ်သူ (၄) ဦးဖမ်းဆီးရမိထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၈) ရက်နေ့စတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ကြောင်းတွေနဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) တို့…

စပါးသယ်ဖို့ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေတိုက်ခိုက်ခံရ (၄) ဦးသေဆုံး

ရွှေဘို – ဇွန်(၂၁) စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် ဆင်အင်းကျေးရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးဘက်က (၄) ဦးဟာ စပါးသယ်ယူ ဖို့ ကင်းပုန်းဝပ်နေချိန် ဆင်အင်းရွာနဲ့ မြင်းစီးရွာကြားမှာ ရွှေဘိုခရိုင် တပ်ရင်း(၄) နဲ့ ဆင်အင်းရွာ (ပ.က.ဖ) တို့ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အတွက် (၄) ဦးလုံးသေဆုံးသွားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂၀) ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ…

တရုတ်နဲ့အငြင်းပွားနေတဲ့ ရေနယ်မှာ လုပ်မယ့် အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု နေရာရွှေ့ခဲ့ရ

ဂျကာတာ – ဇွန်(၂၂) အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို အငြင်း ပွားနေတဲ့ ရေပိုင်နက်နဲ့ ဝေးရာကို ရွှေ့ဆိုင်းလိုက်တယ်လို့ အင်ဒိုနီးရှားစစ်ဘက်ရေးရာက ပြောပါ တယ်။ ကနဦးမှာ စစ်ရေးလေ့ကျင့်မှုကို မြောက်ဘက် နာကျူနာ ပင်လယ်မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အဲဒီနေရာဟာ တရုတ်ကို တရုတ်က အထူးစီးပွားရေးဇုံအဖြစ် တောင်းဆိုထားသလို ဘေဂျင်းရဲ့ သင်္ဘောတွေ ရံဖန်ရံခါ ကင်းလှည့်စောင့်ကျပ်မှုတွေ…

စစ်ကောင်စီကို ငွေကြေးဖြတ်တောက်ရေး နိုင်ငံပိုင်ဘဏ်တွေကို ပိတ်ဆို့မှုအသစ်ချမှတ်ဖို့ အမေရိကန် စီစဉ်

ဝါရှင်တန် – ဇွန်(၂၂) မြန်မာအာဏာသိမ်းစစ်ကောင်စီကို ငွေကြေးဖြတ်တောက်ရေး နိုင်ငံပိုင်ဘဏ်တွေကို ဒီသီတင်း ပတ်အတွင်း ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ အမေရိကန်အစိုးရဘက်က စီစဉ်နေတယ်လို့ ရိုက်တာ မှာ ဖော်ပြထားပါတယ်။ ဝါရှင်တန်က မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေကို ပိတ်ဆို့အရေးယူမှုအသစ်တွေချမှတ်ဖို့ရှိနေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားတာပြီး နီးစပ်သူနှစ်ဦးကလည်း ရိုက်တာကို အတည်ပြုထားတာပါ။ ထိုင်းနိုင်ငံအခြေစိုက် အမေရိကန်သံရုံးနဲ့ ထုတ်ပြန်ချက်မှာ အမေရိကန်ပြည်ထောင်စုဟာ…

“ထိခိုက်နစ်နာတဲ့ ပြည်သူလူထုတွေအနေနဲ့ တရားမျှတမှု ခံစားခွင့်ရရှိလာအောင် ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ဝိုင်းဝန်းပြီး ပံ့ပိုးကူညီပေးဖို့ ကျွန်တော်တို့ တောင်းဆိုတာဖြစ်တယ်”

“ကျွန်တော်တို့ကို ဘာကြောင့်ပစ်မှတ်ထားရတာလဲ – မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသား များအပေါ် ပစ်မှတ်ထားအကြမ်းဖက်မှုပုံစံများကို ဖော်ထုတ်ခြင်း”အစီရင်ခံစာကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဇွန် ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစီရင်ခံစာမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်ရမ်းသမ်းပစ်ခတ်မှု၊ အဓမ္မဖမ်းဆီးမှု၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးလုယူမှု အပါအဝင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေဟာ ဒေသတွင်းရှိ လူမှုအသိုက်အဝန်းအပေါ်…

ရေးမြို့နယ် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ရေး၊ ဇွန်(၂၁) မွန်ပြည်နယ်ရေးမြို့နယ် ကျောက်မိချောင်း(တောင်)ကျေးရွာမှာ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲဝင်းနိုင်ကို ဇွန် ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က နေအိမ်အပေါ်မှာ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲဝင်းနိုင်ဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး…

တနင်္သာရီတိုက်ပွဲမှာ စစ်တပ်အရာရှိအပါအဝင် ၃ ဦးထက်မနည်းသေဆုံး

တနင်္သာရီ၊ ဇွန်(၂၁) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၃ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ တိုင်းပကဖတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့က ၁၉ ရက်နေ့အထိ တနင်္သာရီမြို့နယ် ဘန်လောနဲ့သမီးလှကျေးရွာပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း…