June 2023

စစ်ကောင်စီ မီးရှို့ခဲ့တဲ့ စာသင်ကျောင်းနဲ့ နေအိမ်တွေကို ငွေကြေးနဲ့ စားနပ်ရိက္ခာထောက်ပံ့

ဝက်လက် – ဇွန်(၂၂) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ စာသင်ကျောင်းနဲ့ နေအိမ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) နဲ့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ တို့ပူးပေါင်းပြီး ငွေကြေး နဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ မီးရှို့ခံထားရတဲ့ အိမ်ထောင်စု(၈၀) အတွက် တစ်အိမ်ထောင်ကို ငွေကျပ်(၂၅၀၀၀) နှုန်းနဲ့ သိန်း(၂၀) မီးရှို့ခံထားရတဲ့…

စစ်တပ်ဖမ်းသွားတဲ့ စစ်ကိုင်းတိုင်း ဆားတောင်ဒေသခံ ၃၀ ကျော်ဟာ UG မဟုတ်ပါ (အမှန် /အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေ ဖြန့်ဝေနေတဲ့ “စစ်တပ်က ဖမ်းဆီးထားတဲ့ ဆားတောင်ရွာသား(၃၀)ဟာ PDF နဲ့ UGထောက်ပို့တွေ ဖြစ်တယ်“ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

ထီးလင်းမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် သံဃာတစ်ပါးအပါအဝင် (၇) ဦးထိခိုက်ဒဏ်ရာရ

ထီးလင်း – ဇွန်(၂၂) မကွေးတိုင်း၊ထီးလင်းမြို့နယ် ကို စစ်ကောင်စီရဲ့ ကျောက်ထုအမြောက်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သံဃာတစ်ပါးအပါအဝင် (၇) ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂၁) ရက်နေ့ ညနေပိုင်းက ကျောက်ထု အမြောက်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရွာသာကျေးရွာ ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တာပါ။ “ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ စစ်ဘေးရှောင် ပြည်သူတွေနဲ့ ဘုန်းတော်ကြီး၊ကိုရင်…

သရက်ချောင်း စစ်ရှောင်ဒေသခံ ၅၀၀၀ ကျော် နေရပ်မပြန်ရဲသေး

သရက်ချောင်း၊ ဇွန်(၂၂) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲကို စစ်ကောင်စီ စစ်ကြောင်းထိုးလာတဲ့အတွက်၂ ပတ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒေသခံ ၅၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘူးလို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကစပြီး သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကနက်သီရိ၊…

ကျိုက်မရော NLD ပါတီလွှတ်တော်ကိုယ်စားလှယ် နေအိမ်ချိပ်ပိတ်ခံရ

ကျိုက်မရော၊ ဇွန်(၂၂) မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီရဲ့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နေအိမ်ကို စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်၊ ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဇွန် ၂၀ ရက်နေ့ ညနေပိုင်းမှာ ကျိုက်မရောမြို့ ရှင်စောပုရပ်ကွက် (၃) ဗညားနွဲ့လမ်းမှာရှိတဲ့ ဒေါ်ခင်မျိုးမြင့်ရဲ့ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းသွားခဲ့တာပါ။ စစ်ကောင်စီကတော့ လွှတ်တော်ကိုယ်စားလှယ်…

စစ်အာဏာသိမ်း (၈၇၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၈၅ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၂၂) AAPP ရဲ့ ဇွန်(၂၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၇၁)ရက်အတွင်း ပြည်သူ (၃၆၈၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၃၉၉ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၄၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

စစ်ကောင်စီထိန်းချုပ်ဘဏ် ၂ ခုအပေါ် အမေရိကန်ပိတ်ဆို့မှု သက်ရောက်မှုကြီးမားလာနိုင်

နေပြည်တော်၊ ဇွန်(၂၂) နိုင်ငံခြားငွေကြေးအကောင့်တွေကို အဓိကစီမံခန့်ခွဲနေတဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့နိုင်ငံ ခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကူသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုချမှတ်လိုက်ပါက မြန်မာ့စီးပွားရေးအပေါ်သက်ရောက်မှု ကြီးမားနိုင်လာတယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။ အမေရိကန်အစိုးရဟာ စစ်အာဏာရှင်တွေဆီ နိုင်ငံခြားငွေဝင်ရောက်မှု ကန့်သတ်ဖို့အတွက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ အဲဒီဘဏ်၂ ခုအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်သွားမယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့…

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုအပေါ် တာဝန်ယူပေးဖို့ မွန်ပြည်သစ်ပါတီတောင်းဆို

ရေး၊ ဇွန်(၂၂) စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့တဲ့ မွန်ပြည်သစ်ပါတီက စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုအပေါ် တာဝန်ယူပေးဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ မွန်ပြည်နယ်အစိုးရကို ဇွန် ၂၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ ဝင်းတမော့ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ မိထွေးထွေးကြည်ရဲ့ ဖြစ်စဉ်အပေါ် မွန်လူထုအတွင်း ဝေဖန်မှုတွေမြင့်တက်လာပြီးနောက် မွန်ပြည်သစ်ပါတီက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။…

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၀၀ နီးပါးရှိလာ

မော်လမြိုင်၊ ဇွန်(၂၂) မွန်ပြည်နယ်မှာ အခုနှစ်ဇန်နဝါရီလကနေ ဇွန်လတတိယအပတ်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၀၀ နီးပါးအထိရှိလာပြီး အဲဒီထဲမှာ ကလေးငယ်တစ်ဦး သေဆုံးထားတယ်လို့ စစ်ကောင်စီ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ ပြီးခဲ့တဲ့ မေနဲ့ အခုဇွန်လအတွင်း ကူးစက်ဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာသလို အဲဒီ ၂ လအတွင်း ရောဂါဖြစ်ပွားသူ ၃၀၀…