June 2023

ပုလောတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိနေ

ပုလော၊ ဇွန်(၂၃) တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပလမြို့ ပဝတ်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ် ရင်း ၁ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ကစပြီး တပ်အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပဝတ်ကုန်းကျေးရွာထဲ စစ်ကြောင်း ၃…

စစ်အာဏာသိမ်း (၈၇၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၈၈ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၂၃) AAPP ရဲ့ ဇွန်(၂၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၇၂)ရက်အတွင်း ပြည်သူ (၃၆၈၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၄၁၀ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

စစ်ကောင်စီလက်ထက် အခန်းကဏ္ဍပျောက်ဆုံးသွားတဲ့ နိုင်ငံရေးပါတီတွေ

ရန်ကုန်၊ ဇွန်(၂၃) နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီလက်ထက်မှာ ပြန်လည်မှတ်ပုံ တင်ထားပေမယ့် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍမှေးမှိန်ပျောက်ဆုံးသွားပြီလို့ ဝါရင့်နိုင်ငံရေးသမားတွေနဲ့ သုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မဲစာရင်းမှားယွင်းမှု စွပ်စွဲချက်နဲ့ နိုင်ငံတော်အာဏာအရပ်ရပ်ကို သိမ်းယူထားတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်ဆိုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေပြဌာန်းပြီး…

မော်လမြိုင်-ရေးလမ်းပိုင်းကို စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေစိုးရိမ်မှုမြင့်တက်လာ

ရေး၊ ဇွန်(၂၃) မွန်ပြည်နယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ မော်လမြိုင်- ရေးကားလမ်းထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူတွေအပါအဝင် ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၈)ရက်နေ့ကစပြီး အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F နဲ့ PDF ပူးပေါင်းစစ်ကြောင်းတို့က နယ်မြေထိန်းချုပ်လှုပ်ရှားဖို့အတွက် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။ ပူးပေါင်းတပ်ဖွဲ့ဟာ ဇွန်လ(၂၀)ရက်နေ့ကလည်း…

ရေးချောင်းတောင်တံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ရေး၊ ဇွန်(၂၃) မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင်ကျေးရွာအနီးရှိ ချောင်းတောင်တံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်တပ်၊ ရဲအပြင် ပြည်သူ့စစ်အဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်တဲ့ ချောင်းတံတားစစ်ဆေးရေးကို ဇွန် ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ်…

ပေါင်မြို့မှာ ဘုန်းကြီးတစ်ပါးသတ်ဖြတ်ခံရပြီး အလောင်းဖျောက်မှုဖြစ်ပွား

ပေါင်၊ ဇွန်(၂၃) မွန်ပြည်နယ် ပေါင်မြို့မိုးနှိုင်းရပ်ကွက်ရှိ ဒေသအခေါ် တောင်ပေါ်ဓါတ်တိုင်ကျောင်းမှာ ဘုန်းကြီးတစ်ပါးကိုသတ်ဖြတ်ပြီး အိမ်သာကျင်းအတွင်းပစ်ချကာ အလောင်းဖျောက်ဖျက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ ညပိုင်းက ဘုန်းကြီးကျောင်းဝင်းအတွင်း အရက်သောက်စားနေတဲ့ လူတစ်စုနဲ့ ကျောင်းနေ အသက် ၆၀ အရွယ် ဦးကောသလ္လတို့ စကားများ ရန်ဖြစ်မှုဖြစ်ပွားခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်ရဲ့ ပြောဆိုချက်အရ…

ထိုင်ဝမ်ရေလက်ကြားအတွင်းသို့ တရုတ်စစ်သင်္ဘောတွေ ဝင်ရောက်ဖြန့်ကျက်

တိုင်ပေ၊ ဇွန်(၂၃) တရုတ်Shandong လေယာဉ်တင်သင်္ဘောဟာ စစ်သင်္ဘောအုပ်စုကို ဦးဆောင်ပြီး ထိုင်ဝမ်ရေလက်ကြားကို (ဇွန် ၂၁ ရက်)မှာ ဖြတ်သန်းခဲ့တယ်လို့ ထိုင်ပေကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ မကြာသေးမီကာလများအတွင်း ပေကျင်းဟာ ထိုင်ဝမ်တစ်ဝိုက်မှာ ပင်လယ်နဲ့လေကြောင်းကျုးကျော်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီး သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုနေပါတယ်။ တရုတ်နဲ့ထိုင်ဝမ် ခွဲထုတ်ထားတဲ့ ရေလမ်းမှတစ်ဆင့် စစ်ရေးသင်္ဘောတွေကို ဒီလိုဖြန့်ကျက်ချထားမှုဖြစ်စဉ်က လည်း ရှားပါးတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ “တရုတ်ကွန်မြူနစ် လေယာဉ်တင်သင်္ဘောအုပ်စု…

သေကြောင်းကြံတာကို ပြစ်မှုကနေဖယ်ရှားဖို့ မလေးရှားလွှတ်တော် အတည်ပြု

ကွာလာလမ်ပူ – ဇွန်(၂၃) မလေးရှားနိုင်ငံရဲ့ အထက်လွှတ်တော်က သေကြောင်းကြံစည်ဖို့ ရည်ရွယ်တာနဲ့ ပတ်သက်ပြီး ပြစ်မှုအဖြစ်ကနေဖယ်ရှားဖို့ တတိယမြောက် ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့ကာ မူကြမ်းနှစ်ရပ် ကို အစောပိုင်းက အတည်ပြုထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ ဥပဒေနဲ့ အင်စတီကျူရှင်းပြောင်းလဲမှုဆိုင်ရာ ဆက်စပ်တဲ့ လက်ထောက်ဝန်ကြီး က မိမိကိုယ်ကို သေကြောင်းကြံစည်ဖို့ ကြိုးပမ်းနေသူတွေကို ကယ်ဆယ်နိုင်ဖို့အတွက် အကျပ် အတည်းကြားက ဝင်ရောက်ဖြေရှင်းရေးအရာရှိတွေကို…

လူမည်အမျိုးသားတစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်ရဲ(၆) ဦးကို စီရင်ချက်ချမယ်

ဇူရစ် – ဇွန်(၂၂) ဆွစ်ဇာလန်နိုင်ငံမှာ အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ လူမျိုးရေးခွဲခြားမှုအဖြစ် မေးခွန်းထုတ်စရာဖြစ် လာတဲ့ လူမည်းအမျိုးသားတစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး စွဲချက်တင်ခံထားရတဲ့ ရဲအရာရှိ (၆) ဦးကို တရားရုံးက စီရင်ချက်ချမှတ်သွားဖို့ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က လူဆန်လမ်းက လမ်းတစ်ခုမှာ အသက်(၃၉) နှစ်အရွယ် နိုင်ဂျီးရီးယား နိုင်ငံသား မိုက်ခါဘန်ပီတာဟာ ဖမ်းဆီးခံရချိန်မှဦ ကန်ကျောက်ခံရပြီးနောက်…