ကဘူးလ် – ဇွန်(၂၈) 

အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ပွဲ၊လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နိုင်းယှဉ်ပါက အသေအပျောက် သိသိသာသာ လျော့ကျသွားပေမယ့် တာလီဘန်တွေ သိမ်းပိုက်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက် မှု တွေမှာ အရပ်သားသေဆုံးမှု သိသိသာသာ များပြားလာတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

အစီရင်ခံစာမှာ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ မစ်ရှင်(UNAMA) က ၂၀၂၁ ခုနှစ် ဩဂုတ်လ((၁၅) ရက်နေ့ ကနေ ဒီနှစ် မေလအတွင်း အရပ်သား (၁၀၉၅) ဦးသေဆုံးပြီး (၂၆၇၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ 

သေဆုံးမှုတွေထဲက (၇၀၀) ကျော်ဟာ ဗလီ၊ပညာရေးစင်တာနဲ့ စျေးတွေလို အများသူငှာနေရာ တွေမှာ အသေခံဗုံးခွဲမှုတွေအပါအဝင် တီထွင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ဖြစ်ပွား ရတာဖြစ်တယ်လို့ သိရပါတယ်။ 

နေတိုး ကျောထောက်နောက်ခံပြုထားတဲ့ စစ်တပ်ဆုတ်ခွာသွားချိန်မှာ တာလီဘန်တွေ အာဖဂ္ဂန် ကိုသိမ်းပိုက်ပြီးနောက် လက်နက်ကိုင် တိုက်ပွဲတွေ သိသိသာသာ ကျဆင်းသွားပေမယ့် လုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုတွေမှာတော့ ISIS ရဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

တာလီဘန်တွေဟာ တိုက်ခိုက်မှုအများစုမၑာ တာဝန်ရှိတယ်လို့ UNAMA ကဆိုထားပြီး တိုက်ခိုက်မှုတွေမှာ အကြမ်းဖက်မှု နည်းပါးပေမယ့် လူအသေအပျောက်တွေ တိုးမြင့်လာ တယ်လို့ ဆိုထားပါတယ်။ 

UNAMA ရဲ့ အချက်အလက်တွေမှာတော့ တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်နစ်နာမှုတွေရဲ့ ကိန်းဂဏန်းတွေသာမဟုတ်ဘဲ ၂၀၂၁ ခုနှစ် ဩဂုတ်လလည်ပိုင်းကစပြီး အသေခံဗုန်းခွဲတိုက် ခိုက်မှုတွေ တိုးလာပြီး အရပ်သားသေဆုံးမှု အရေအတွက် ပိုများလာကာ တိုက်ခိုက်မှု အရေ အတွက်တော့ နည်းသွားတယ်လို့ အသိပေးထားပါတယ်။ 

ဒါ့အပြင် ဒဏ်ရာရသူတွေ အပါအဝင် အသေအပျောက်(၁၇၀၀) ကျော်ဟာ ISIL က ထုတ်ပြန် ထားတဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့  UNAMA က ဆိုထားပါတယ်။ 

အာဖဂန်နစ္စတန်ဟာ အစ္စလာမ့်စော်ဘွားများလို့ သူသိများတဲ့ အစိုးရကို မလွှဲပြောင်းခင် ဆယ်စု နှစ်တွေတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင် လုံခြုံရေးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ် တယ်လို့  တာလီဘန်အဖွဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ကုသမဂ္ဂရဲ့ အစီရင်ခံစာကိုတုံ့ပြန်ခဲ့ပါ တယ်။ 

“အစ္စလာမ့်စော်ဘွားများပြည်ထောင်စု၏ လုံခြုံရေးတပ်ဖွဲ့များက နိုင်ငံသားများ၏ လုံခြုံရေးအား သေချာစေဖို့နှင့် အကြမ်းဖက်သမားများ၏ နေရာများကိုဖယ်ရှားခြင်းကို အချိန်နှင့်တစ်ပြေးညီ အရေးယူဆောင်ရွက်ရမယ်” လို့ ပြောခဲ့ပါတယ်။ 

နိုင်ငံတဝန်းလုံးမှာ ဘဏ္ဍာရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေ ဖြစ်ပေါ်နေတဲ့ကြားက တိုက်ခိုက်မှုတွေ လုပ်ဆေင်ခဲ့တာဖြစ်တယ်လို့ ကုလအစီရင်ခံစာဖော်ပြထားထားပါတယ်။ 

တာလီဘန်တွေသိမ်းပိုက်ထားတဲ့ အာဖဂန်ကို ရန်ပုံငွေထောက်ပံ့မှုတွေ သိသိသာသာ ကျဆင်း လာတဲ့အတွက် လက်ရှိ တာလီဘန်ဦးဆောင်တဲ့ အစိုးရလက်အောက်က “ဆေးဘက်ဆိုင်ရာ၊ ငွေကြေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပုံပိုးကူညီမှုတွေ ရရှိဖို့ ရုန်းကန်နေရတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။ 

ဖြေလျော့တဲ့ အုပ်ချုပ်ရေးကို ၂၀၂၁ ခုနှစ်မှာ ကတိပြုထားပေမယ့် တာလီဘန်တွေဟာ နိုင်ငံကို သိမ်းပိုက်ပြီးနောက် တင်းကြပ်တဲ့ စည်းမျဉ်းတွေကို ကျင့်သုံးကာ မိန်းကလေးတွေရဲ့ သင်ကြား မှုကို ပိတ်ပင်ခဲ့သလို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ကုလအပါအဝင် အများပြည်သူဘဝ နဲ့ အလုပ်အများစုကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ 

လက်ရှိအချိန်ထိ နိုင်ငံအာဏာအရပ်ရပ်ကို ထိန်းချုပ်ထားတဲ့ တာလီဘန်တွေကိုတော့ တရားဝင် အစိုးရအဖြစ်ဘယ်နိုင်ငံကမှ အသိအမှတ်ပြုသေးတာမရှိပါဘူး။ 

Ref: Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.