ကန်ဘာရာ – ဇွန်(၂၈) 

ယူကရိန်းကို ဖြတ်ကျော်ခဲ့တဲ့ မလေးရှားလေကြောင်းလိုင်းရဲ့Flight 17 (MH17) ပစ်ချခံရတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ သူ(၃) ဦးကို ဩစတြေးလျနိုင်ငံက ဘဏ္ဍာရေးနဲ့ ခရီးသွားလာ ခွင့် ပိတ်ဆို့ လိုက်တယ်လို့ ဝန်ကြီး မစ္စပန်နီဝန်က ပြောခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇူလိုင်လ(၁၇) ရက်နေ့က အမ်စတာဒန်ကနေ ကွာလာလမ်ပူကို ပျံသန်းတဲ့ MH17 ဟာ ယူကရိန်းအရေ့ဘက်ကို ကျော်လွန်ဝင်ရောက် ပျံသန်းပြီးနောက် ရုရှားရဲ့ BUK ပဲ့ထိန်းဒုံးစနစ်က ပစ်ချခဲ့တာဖြစ်ပြီး ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း(၁၉၈) ဦးသေဆုံး ခဲ့ကာ နယ်သာလန်နိုင်ငံသာ (၁၉၆) ဦးနဲ့ ဩစတြေးလျမှာ နေထိုင်သူ (၃၈) ဦးပါဝင်ခဲ့တာပါ။ 

အဲဒီဖြစ်စဉ်ကို မျက်ကွယ်ပြုခဲ့တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ နယ်သာလန်တရားရုံးတစ်ရုံးက ရုရှားထောက်လှမ်းရေး အေးဂျင့်ဟောင်းနှစ်ဦးနဲ့ ယူကရိန်းခွဲထွက်ရေးခေါင်းဆောင်တစ်ဦးတို့ကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်တွေချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေငြာခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေမှာတော့ အဓိက ဦးတည်တဲ့ လူနှစ်ဦးဟာ ၂၀၂၂ ခုနှစ်မှာ နယ်သာလန်တရားရုံးတော်က အမိန့်ချမှတ်ခဲ့သူတွေ ဖြစ်ပြီး တတိယမြောက်အရေးယူခံရသူကတော့ လေယာဉ်ကိုပစ်ချဖို့အတွက် ဒုံးစနစ်ကို ပံ့ပိုးပေးတဲ့ ရုရှားတပ်မဟာကွပ်ကဲရေးမှူးတစ်ဦးဖြစ်တယ်လို့ ဩစတြေးလျဝန်ကြီး မစ္စပန်နီဝန်က ပြောပါတယ်။ 

ဩစတြေးလျဟာ လေယာဉ်ပစ်ချခံရမှုနဲ့ ဆက်စပ်ကပြီး နောက်ထပ်တစ်ဦးကိုလည်း အရေးယူ ပိတ်ဆို့မှုတွေ ဆောင်ရွက်ထားသလို အဲဒီပုဂ္ဂိုလ်ဟာ ၂၀၁၄ ခုနှစ်အတွင်း အရှေ့ ယူကရိန်း ခွဲထွက်ရေးအတွက် အားပေးအားမြှောက်ပြုလဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 

“ယခုအရေးအယူပိတ်ဆို့မှုများသည် Flight MH17 ပစ်ချခံရမှုအတွက် တာဝန်ရှိသော သူများ၏ ငွေစာရင်းများကို ထိန်းချုပ်ရန်ဟူသော သြစ‌တြေးလျအစိုးရ၏ ဆောင်ရွက်ဆဲ ကတိကဝက်ကို ပြသခြင်းဖြစ်သည်။ သြစတြေးလျသည် အမှန်တရား၊ တရားမျှတမှုနှင့် Flight MH17 ပစ်ချခံမှု နှင့်အတူ ဆုံးရှုံးခဲ့ရသူများအတွက် တာဝန်ခံမှုကို ရှာဖွေရန်ဟူသော ကတိကို အစဉ်သဖြင့် တည် မြဲပါသည်” လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ လေယာဉ်ကို ပစ်ချဖို့ ဒုံးကျည်စနစ်အသုံးပြုမှုကို အတည်ပြု ပေးထားတာဖြစ်တယ်လို့ အတည်ပြုနိုင်ပြီးနောက် MH17 နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့ဖို့ နိုင်ငံတကာရဲ့ ဆုံးဖြတ်ချက်ကို ဩစတြေးလျဘက်က အသိအမှတ်ပြုခဲ့တာပါ။ 

ဒါပေမယ့် သမ္မတပူတင်နဲ့ တခြား ရုရှားအရာရှိတွေရဲ့ ပါဝင်ပတ်သက်မှုဆိုင်ရာ အထောက် အထားတွေဟာ ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်ချမှတ်ဖို့ လုံလောက်တဲ့ ခိုင်လှုံမှုမရှိဘူးလို့ အစိုးရ ရှေ့နေတွေက ပြောခဲ့ပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.