မနီလာ၊ ဇွန်(၂၈)

 ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ အွန်လိုင်းကာစီနို အလုပ်လုပ်ကိုင်ဖို့အတွက် လူကုန်ကူးခံခဲ့ရသူလူဦးရေ ၁၀၀၀ ကျော်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

 မြို့တော်မနီလာရှိ အဆောက်အဦးအဝန်းအဝိုင်းတစ်ခုကို ဇွန်(၂၆)ရက် တနင်္လာနေ့ညမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ချိန်မှာ တရုတ်၊ ဗီယက်နမ်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံသားတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ ဒီလိုလူကုန်ကူးခံရသူတွေဟာ အွန်လိုင်းဂိမ်းလုပ်ငန်း အကူဝန်ထမ်းတွေအဖြစ် ဖိလစ်ပိုင်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ Facebook ကြော်ငြာချက်ပါ အလုပ်ခေါ်စာကို လက်ခံခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ 

အာရှ-ပစိဖိတ်ဒေသရှိ အင်တာနက် လိမ်လည်လှည့်ဖြားမှုတွေကြောင့် နိုင်ငံတကာအနေနဲ့လည်း စိုးရိမ်ပူပန်မှု မြင့်တက်နေပါတယ်။

 မကြာခဏဆိုသလို လူကုန်ကူးသူတွေရဲ့ လှည့်ဖြားခြင်းနှင့်အတူ အတုအယောင် crypto ပိုင်ဆိုင်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှုများအောင် လုပ်ဆောင်လာဖို့ အတင်းအကြပ်ခိုင်းစေနေကြ တာပါ။

 ရဲတပ်ဖွဲ့သုံးခရီးသည်တင်ကားနှစ်စင်းနဲ့ ရဲတပ်ဖွဲ့ တပ်ကား နှစ်စင်းတို့ဟာ အခင်းဖြစ်နေရာ အပြင်ဘက်မှာ ရပ်နားထားပြီး အဆောက်အဦးထဲသို့ ဝင်ရောက်ခွင့်ကိုလည်း တားမြစ်ထားတယ်လို့ အေအက်ဖ်ပီသတင်း ထောက်တွေက ပြောပါတယ်။

 “ဒါကတော့ ကနဦးအားဖြင့်ပြောရရင် လူကုန်ကူးမှု ဖြစ်စဉ်ပါ။ ပါဝင်ပတ်သက်နေတဲ့ အခြေအနေအားလုံးကို စုံစမ်းစစ်ဆေးသွားမှာပါ” လို့ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မစ္စ Michelle Sabino က စီးနင်းမှုအပြီး သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

 ပြီးခဲ့တဲ့မေလမှာ အာရှနိုင်ငံအများအပြားမှ ဖိလစ်ပိုင်သို့ လူကုန်ကူးခံရတဲ့လူတစ်ထောင်ကျော် ကို အာဏာ ပိုင်တွေက ကယ်တင်ခဲ့ပြီး အဲဒီလူတွေအားလုံးကလည်း အွန်လိုင်းလိမ်လည်လှည့် ဖြားမှုတွေ လုပ်ဆောင်ဖို့ ဖိအားပေးခံခဲ့တယ်လို့ သိရပါတယ်။ 

Ref,AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.