June 27, 2023

စင်ကာပူနိုင်ငံသားတွေအပါအဝင် လူကုန်ကူးခံရသူတစ်ထောင်ကျော်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့မှ ကယ်တင်နိုင်ခဲ့

မနီလာ၊ ဇွန်(၂၈) ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ အွန်လိုင်းကာစီနို အလုပ်လုပ်ကိုင်ဖို့အတွက် လူကုန်ကူးခံခဲ့ရသူလူဦးရေ ၁၀၀၀ ကျော်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ မြို့တော်မနီလာရှိ အဆောက်အဦးအဝန်းအဝိုင်းတစ်ခုကို ဇွန်(၂၆)ရက် တနင်္လာနေ့ညမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ချိန်မှာ တရုတ်၊ ဗီယက်နမ်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံသားတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ ဒီလိုလူကုန်ကူးခံရသူတွေဟာ အွန်လိုင်းဂိမ်းလုပ်ငန်း အကူဝန်ထမ်းတွေအဖြစ် ဖိလစ်ပိုင်နိုင်ငံမှာ…

အာဖဂန်မှာ တာလီဘန်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း အရပ်သား (၁၀၀၀) ကျော်သေဆုံး

ကဘူးလ် – ဇွန်(၂၈) အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ပွဲ၊လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နိုင်းယှဉ်ပါက အသေအပျောက် သိသိသာသာ လျော့ကျသွားပေမယ့် တာလီဘန်တွေ သိမ်းပိုက်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက် မှု တွေမှာ အရပ်သားသေဆုံးမှု သိသိသာသာ များပြားလာတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာမှာ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ မစ်ရှင်(UNAMA) က ၂၀၂၁ ခုနှစ် ဩဂုတ်လ((၁၅) ရက်နေ့…

ယူကရိန်းလေပိုင်နက်မှာ ပစ်ချခံရတဲ့ မလေးရှား လေယာဉ်နဲ့ ဆက်စပ်သူ (၃) ဦးကို ဩစတြေး လျ ပိတ်ဆို့အရေးယူ

ကန်ဘာရာ – ဇွန်(၂၈) ယူကရိန်းကို ဖြတ်ကျော်ခဲ့တဲ့ မလေးရှားလေကြောင်းလိုင်းရဲ့Flight 17 (MH17) ပစ်ချခံရတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ သူ(၃) ဦးကို ဩစတြေးလျနိုင်ငံက ဘဏ္ဍာရေးနဲ့ ခရီးသွားလာ ခွင့် ပိတ်ဆို့ လိုက်တယ်လို့ ဝန်ကြီး မစ္စပန်နီဝန်က ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇူလိုင်လ(၁၇) ရက်နေ့က အမ်စတာဒန်ကနေ ကွာလာလမ်ပူကို ပျံသန်းတဲ့…

စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့် Pact Myanmar ချေးငွေ လုပ်ငန်းပိတ်သိမ်းပြီး မြန်မာပြည်ကအပြီးထွက်မယ်လို့ကြေညာ

ရန်ကုန်၊ ဇွန်လ (၂၇) မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၁၅၀၀၀ ခန့်နဲ့ ကျေးလက်နေပြည်သူ ၂ဒသမ ၃ သန်းအတွက် ၂၅ နှစ်တိုင်အောင် ဝန်ဆောင်မှုပေးခဲ့တဲ့ ချေးငွေလုပ်ငန်းဖြစ်တဲ့ Pact Global Microfinance Fund ( PGMF) လုပ်ငန်းဟာ စစ်ကောင်စီရဲ့ မလျော်ကန်တဲ့ ဖိအားပေးမှုတွေကြောင့် မှတ်ပုံတင်သက်တမ်းမတိုးတော့ဘဲ ရရန်ရှိတဲ့ချေးငွေတွေကိုပါလျော်ပစ်ပြီး နိုင်ငံအတွင်းက ထွက်ခွာတော့မယ်လို့ တရားဝင်…

ကော့ကရိတ်မှာ စစ်တပ်လက်နက်ကြီးပစ်လို့ ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီး

ကော့ကရိတ်၊ ဇွန်(၂၇) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က ကော့ကရိတ်မြောက်ပိုင်း ကြောင်သျှာကုန်းကျေးရွာထဲကို ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံနေအိမ် ၂ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တာပါ။ ဒါ့အပြင် ဇွန် ၉…

ရေးမြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ၊ တစ်ဦးဒဏ်ရာရ

ရေး၊ ဇွန်(၂၇) မွန်ပြည်နယ် ရေးမြို့နယ် ဒူးယားကျေးရွာမှာ ဇွန် ၂၆ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရပြီး ဒေသခံအမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အသက် ၆၄ နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ဦးစိုးအောင်ဟာ ဇွန်(၂၆)ရက်နေ့လည် ၁၂ နာရီအချိန်လောက်မှာ ကျေးရွာအတွင်းရှိ နာရေးတစ်ခုကို လိုက်လံပို့ဆောင်ချိန် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်…

စစ်အာဏာသိမ်း (၈၇၆)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၀၁ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၂၇) AAPP ရဲ့ ဇွန်(၂၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၇၆)ရက်အတွင်း ပြည်သူ (၃၇၀၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၅၉၈ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၄၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

ဒေါ်လာနဲ့ရွှေဈေးဂယက်ကြောင့် အိမ်ခြံမြေအပေါ် ရင်းနှီးမြှုပ်နှံသူပိုများလာ

မော်လမြိုင်၊ ဇွန်(၂၇) စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ခွဲကျော်နီးပါးအတွင်း တစ်စထက်တစ် ထိုးတက်လာတဲ့ ပြည်တွင်းဒေါ်လာနဲ့ ရွှေဈေးကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်းက အိမ်ခြံမြေဈေးကွက် အရောင်းသွက်လာတယ်လို့ အကျိုးဆောင်တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ် ၂ ခုအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ပြီးနောက် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၂၀၀ ကျော်နဲ့ အခေါက်ရွှေတစ်ကျပ်သား…