ပုလဲ – ဇွန်(၂၅)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ပြီး ပြန်လာတဲ့ ABSDF နဲ့ ပုလဲမြို့နယ် ပ.က.ဖ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆို နှုတ်ဆက်ခဲ့ကြတယ်လို့ ABSDF Column – 3 ကထုတ်ပြန်ထားပါတယ်။
ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာအနီးကို (၁၀) ရက်ကျော် စစ်ကြောင်းထိုးပြီး ကျေးရွာအတွင်းက ပြည်သူပိုင် ပစ္စည်းတွေကို လုယက်ဖျက်ဆီးမှုတွေ လုပ်နေတဲ့ စစ်ကောင်စီတပ်ကို ABSDF နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
အဲဒီလို ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ပြီး ပြည်သူတွေရဲ့ ဥစ္စာပစ္စည်းတွေကို ကာကွယ်ပေးနိုင်ခဲ့တဲ့ အတွက် အခုလို အောင်သပြေပန်းတွေနဲ့ ကြိုဆိုနှုတ်ဆက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကို အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ကြတဲ့အတွက် ABSDF ရဲဘော်တွေ အနေနဲ့ ပြည်သူတွေကို ကျေးဇူးအထူးတင်ရှိသလို ပြည်သူတွေရဲ့ အသက်နဲ့ ဥစ္စာပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်မှုတွေ ပေးသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ABSDF Column – 3