နယူးယောက် – ဇွန်(၂၅)
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးတွေနဲ့ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့တွေ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၂၄) ရက်နေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး NUG ဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်၊ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နဲ့ နယူးယောက်မြို့ခံ မြန်မာပြည်ဖွားတိုင်းရင်းသားတွေ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာပါ။
အခမ်းအနား ကို အလေးပြုခြင်း (၃) ရပ်နဲ့ စတင်ခဲ့ကာ တာဝန်ရှိသူတွေဖြစ်တဲ့ ဒေါက်တာ ဇော်ဝေစိုးဦးထင်လင်းအောင်နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က တက်ရောက်လာကြတဲ့ ပြည်သူတွေရဲ့ မေးခွန်းတွေကို ပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – NUG