June 25, 2023

ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီးပြန်လာတဲ့ ABSDF တပ်ဖွဲ့ အောင်သပြေနဲ့ ကြိုဆိုခံရ

ပုလဲ – ဇွန်(၂၅) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ပြီး ပြန်လာတဲ့ ABSDF နဲ့ ပုလဲမြို့နယ် ပ.က.ဖ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆို နှုတ်ဆက်ခဲ့ကြတယ်လို့ ABSDF Column – 3 ကထုတ်ပြန်ထားပါတယ်။ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာအနီးကို (၁၀) ရက်ကျော် စစ်ကြောင်းထိုးပြီး ကျေးရွာအတွင်းက ပြည်သူပိုင်…

နွေဦးတော်လှန်ရေးထောက်ပို့အဖွဲ့တွေနဲ့ NUG တွေ့ဆုံ

နယူးယောက် – ဇွန်(၂၅) အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးတွေနဲ့ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့တွေ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂၄) ရက်နေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး NUG ဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်၊ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နဲ့ နယူးယောက်မြို့ခံ မြန်မာပြည်ဖွားတိုင်းရင်းသားတွေ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာပါ။ အခမ်းအနား ကို…

KNU နယ်မြေမှာ တစ်လအတွင်း တိုက်ပွဲပေါင်း ၄၀၀ ကျော်ဖြစ်ပွားခဲ့

ကော့ကရိတ်၊ ဇွန်(၂၅) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့မေလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNLA KNDO တပ်တို့အကြား တိုက်ပွဲပေါင်း (၄၀၀) ကျော်ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ရုံးချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ KNU ကာကွယ်ရေးဌာနအောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အ မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ စစ်ကောင်စီတပ်တို့အကြား မေလအတွင်း တိုက်ပွဲပေါင်း…

မော်လမြိုင်မှာထောင်သစ်တစ်ခု စစ်ကောင်စီတည်ဆောက်နေ

မော်လမြိုင်၊ ဇွန်(၂၅) အာဏာသိမ်းကာလအတွင်း စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံဆန့်ကျင်ခဲ့ကြသူတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချနေတဲ့ စစ်ကောင်စီက မွန်ပြည်နယ် မော်လမြိုင်မှာ အချုပ်ထောင်သစ်တစ်ခု တည်ဆောက်နေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီအချုပ်ထောင်သစ်ကိုတော့ မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာမှာ တည်ဆောက်နေတာဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီးလို့ သိရပါတယ်။ လက်ရှိဆောက်လုပ်နေတဲ့ အချုပ်ထောင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆောက်လုပ်နေခဲ့တာဖြစ်ပြီး အဲဒီအနီးအနားတဝိုက် ကား၊…

အပစ်ရပ် ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ရှိနေ

ရန်ကုန်၊ ဇွန်(၂၅) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ လာမယ့်ရက်ပိုင်းအတွင်း ငြိမ်း ချမ်းရေး ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ အပစ်ရပ် ၅ ဖွဲ့ ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့(NSPNC) ရဲ့ ဖိတ်ကြားချက်အရ လာမယ့် ဇွန် ၂၆ ကနေ ၂၈…

စစ်ခေါင်းဆောင်သတိပေးထားပေမယ့် စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးကောက်ခံမှုတွေပိုဆိုးလာ

မော်လမြိုင်၊ ဇွန်(၂၅) အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုန်စည်ပို့ဆောင်တဲ့ လမ်းခရီးဂိတ်တွေမှာ ငွေကြေးမကောက်ခံဖို့ သတိပေးထားပေမယ့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်ရဲ့ ငွေ ကြေးကောက်ခံမှုတွေ ပိုဆိုးလာတယ်လို့ ခရီးသွားတွေနဲ့ ကုန်စည်ပို့ဆောင်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ခေါင်းဆောင်က ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေရတာဟာ လမ်းခရီးတွေမှာရှိတဲ့ ဂိတ်တွေမှာ မလို လားအပ်တဲ့ ကုန်ကျစရိတ်တွေရှိနေတာကြောင့်ဖြစ်ပြီး မလိုလားအပ်တဲ့ ကုန်ကျစရိတ်မရှိစေဖို့အ တွက် ပြည်နယ်နဲ့တိုင်းအလိုက် တာဝန်ရှိသူတွေက အလေးထားကြပ်မတ်ဆောင်ရွက်သွားဖို့…

ရေးမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းတွေကို စစ်တပ်အပြင်းအထန် ဖိအားပေးနေ

ရေး၊ ဇွန်(၂၅) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းတွေကို စစ်ကောင်စီတပ်က အပြင်းအထန်ဖိအားပေးပြီး အလုပ်ခိုင်းစေနေတယ်လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ Non CDM ဝန်ထမ်းတွေဟာ နေ့စဉ်နဲ့အမျှ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ထူးခြားဖြစ်စဉ်တွေကို အ ထက်အရာရှိကနေတဆင့် စစ်ကောင်စီတပ်ထံ တင်ပြနေရတာဖြစ်ပါတယ်။ အဲဒီလို တင်ပြရာမှာလည်း အချိန်မီမပေးပို့နိုင်ပါက အပြင်းအထန်ဖိအားပေးတာနဲ့ ဆူပူကြိမ်မောင်းတာတွေ…

ကင်မွန်းချောင်းရဲစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံးနေ

ကျိုက်ထို၊ ဇွန်(၂၅) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေမှာရှိတဲ့ ကင်မွန်းချောင်းနယ်မြေရဲစခန်းက စ ခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ စခန်းမှူးရဲအုပ်ဇော်မင်းအောင်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ ဇွန် ၂၂ ရက်နေ့ကတည်းက စခန်းကနေ ပျောက်ဆုံးသွားတာဖြစ်ပြီး လုံးဝအဆက်အသွယ်မရဘူးလို့ သိရပါတယ်။ သူတို့ ၄ ဦးဟာ…