ဝါရှင်တန် – ဇွန်(၂၄)

စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေကို ကူညီထောက်ပံ့မှုပေးမယ့် Burma Act အကောင်အထည်ဖော်ရေးအတွက် အမေရိကန်အရာရှိတွေနဲ့ NUG ဝန်ကြီးတွေ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၀) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ Global Fund for Burma ကပြုလုပ်တဲ့ မြန်မာနိုင်ငံရေးရာမူဝါဒ အလုပ်ရုံဆွေးနွေးပွဲမှာ စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်တာနဲ့ Burma Act အကောင်အထည်ဖော်ရေးဆွေးနွေးခဲ့ကြတာပါ။

အဲဒီ ဆွေးနွေးပွဲကို NUG ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝင်စိုး၊ ဦးထင်လင်းအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကြားကာလ ဗဟိုဘဏ် အထူးအကြံပေး ပုဂ္ဂိုလ် Sean Turnell တို့ တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၊ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ NUG ဝန်ကြီးတွေအပြင် တက်ရောက်လာတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ Burma Act ကိုအကောင်အထည်ဖော်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ် လို့ NUG ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိမြေပြင်အခြေအနေ အခက်အခဲတွေကို အမေရိကန်အစိုးရနဲ့ နိုင်ငံတကာက ကူညီထောက်ပံ့မှုရရှိရေး၊ Federal Democracy ဖော်ဆောင်မှုနဲ့ ပတ်သက်တဲ့ ကိစ္စ၊ နိုင်ငံတကာရေးရာနဲ့ ကုလသမဂ္ဂရဲ့ ဆောင်ရွက်မှုတွေအပြင် ဥပဒေရေးရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.