ဟောင်ကောင်၊ ဇွန်(၂၅)
Cathay Pacific လေကြောင်းလိုင်းက လေယာဉ်အမှတ် CX880 ဟာ ဟောင်ကောင်လေဆိပ်မှာ နည်းပညာပိုင်း ဆိုင်ရာပြဿနာတစ်ခုဖြစ်ပေါ်ခဲ့ပြီး လူ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ထား ပါတယ်။
ဒီမတော်တဆမှုဟာ ဇွန်လ(၂၄)ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၁၇ ဦးနဲ့ ခရီး သည် ၂၉၃ ဦးတို့ လိုက်ပါလာတာဖြစ်ပါတယ်။
လေယာဉ်မှာနည်းပညာဆိုင်ရာ ပြဿနာဖြစ်ပေါ်နေကြောင်း လေယာဉ်အမှုထမ်းက စမ်းသပ်တွေ့ရှိပြီးနောက် လုပ်ထုံးလုပ်နည်းများနှင့်အညီ လေယာဉ်ပျံသန်းမှုကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
လေယာဉ်အနောက်ဘက်တံခါးကနေ ကြိုတင်အသိပေးထွက်ခွာမှုတွေ ပြုလုပ်ချိန်မှာ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ခရီးသည်တွေဟာ လေယာဉ်တံခါးပေါက် ၅ ခုမှ Escape Slide တွေကို အသုံးပြုခဲ့ရတယ်လို့ လည်း သိရပါတယ်။
ခရီးသည် ၁၁ ဦးအနက် ၉ ဦးက ဆေးရုံတွေမှာ ကုသမှုခံယူမှုပြီးမြောက်ခဲ့ပေမယ့်လည်း ဆက်လက်တက် ရောက်ကုသနေရဆဲဖြစ်တဲ့ လူနာ ၂ ဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို လေကြောင်းလိုင်းက ဆက်လက်ပြီး ထောက်ပံ့မှုတွေ ပြုလုပ်လျှက်ရှိတယ်လို့ သိရပါတယ်။
ခရီးသွားပြည်သူတွေ ဒီလိုအခက်အခဲများကြုံတွေ့ခဲ့ရတဲ့အတွက်လည်း ရိုးသားစွာတောင်းပန်ပါတယ်လို့ Cathay လေကြောင်းလိုင်းက ပြောကြားထားပါတယ်။
ဟောင်ကောင်အခြေစိုက် ရုပ်သံထုတ်လွှင့်ရေးဌာန RTHK က ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြရာ မှာတော့ လေယာဉ်ဘီးတာယာတွေအနက်က တာယာတစ်လုံးဟာ အပူလွန်ပြီး ပေါက်ကွဲတဲ့အထိ ဖြစ်ပေါ် ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Ref: Reuters/ga