ဘန်ကောက် – ဇွန်(၂၅) 

သီရိလင်္ကာနိုင်ငံမှာ ငြင်းပန်းနှိပ်စက်ခံနေရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဖျားနာနေတဲ့ ထိုင်းဆင်တစ်ကောင်ကို ခက်ခဲတဲ့ ခရီးကြမ်းကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံကို ပြန်လည်ခေါ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ 

Sak Surin လို့ လူသိများတဲ့ အသက်(၂၉) နှစ်အရွယ် Muthu Raja ဆင်အမျိုးအစားကို ထိုင်း နိုင်ငံကနေ သီရိလင်္ကာကို ၂၀၀၁ ခုနှစ်မှာ လက်ဆောင်ပေးထားတာပါ။ 

ပြီးခဲ့တဲ့နှစ်ထဲက အဲဒီဆင်ကို ငြင်းပန်းနှိပ်စက်ခဲ့ကြသလို ကျွန်းနိုင်ငံဖြစ်တဲ့ သီရိလင်္ကာရဲ့ တောင်ဘက် ဗုဒ္ဓဘုရားကျောင်းတစ်ခုမှာထားပြီး လျစ်လျူရှုခဲ့ကြတယ်လို့ ပြောဆိုချက်တွေ ထွက်ပေါ်လာပြီးနောက် ထိုင်းဘက်က ဆင်ကို ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ 

သီရိလင်္ကာက ဘုရားကျောင်းမှာ ထိန်းသိမ်းထားချိန်မှာ Sak Surin ဟာ နာကျင်ကိုက်ခဲမှုနဲ့ ပြည်တည်အနာတွေ ဖုံးလွှမ်းနေတယ်လို့ သိရပါတယ်။ 

အနာတွေပြန်လည်သက်သာလာပြီးနောက် Sak Surin ကို ကိုလမ်ဘိုမြို့က ဆင်ခြေဖုံးမှာရှိတဲ့ တိရိစ္ဆာန်ရုံတစ်ခုမှာ ထိန်းသိမ်းထားပြီး သူ့ရဲ့ ခြေဖဝါး ပျက်စီးနေတဲ့ ဒဏ်ရာတွေအတွက် ကုထုံး တစ်ရပ်လိုအပ်နေသေးတယ်လို့ သိရပါတယ်။ 

“ထိုကဲ့သို့သော ကုသမှုအတွက် ဆင်ကို ထိုင်းနိုင်ငံကို လေကြောင်းဖြင့် ပြန်လည်ပေးပို့ရန် သဘောတူညီမှုများ ပြုလုပ်ထားပြီဖြစ်ပါတယ်” လို့ တိကုဆရာဝန်တစ်ဦးဖြစ်တဲ့ မာဒူဆာ က AFP ကိုပြောပါတယ်။ 

သီရိလင်္ကာဝန်ကြီးချုပ်က ဆင်ကို ငြင်းပန်းနှိပ်စက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကိုလန်ဘို အစိုးရက နောက်တရရှိကြောင်းကို ထိုင်းဘုရင်ထံ ကိုယ်တိုင်ကိုယ်ကျ တင်ပြတား တယ်လို့ ပါလီမန်မှာ ပြောထားပါတယ်။ 

“ကျွန်ုပ်အနေနဲ့ ဘုရင်နဲ့ သူတို့ရဲ့ လူထုပရိတ်သတ်တွေကြားမှာ ယုံကြည်မှုတစ်ရပ်ပြန်တည် ဆောက်နိုင်ခဲ့ပါတယ်” လို့ သီရိလင်္ကာဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ 

သီရိလင်္ကာ သားရိုင်းတိရိစ္ဆာန်ဝန်ကြီးက ပြီးခဲ့တဲ့နှစ်မှာ ကိုလန်ဘို အခြေစိုက် ထိုင်းသံအမတ်က ဆင် ကိုထိန်းသိမ်းထားတဲ့ ဘုရားကျောင်းကို သွားရောက်ခဲ့ပြီး ဆိုးရွားတဲ့ ကျန်းမာရေးအခြေ အနေကို တွေ့ရှိပြီးနောက် Sak Surin ကိုထိုင်းနိုင်ငံကို ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့တာပါ။ 

ထိုင်းနိုင်ငံသား ဆင်ထိန်း(၄) ဦးအပါအဝင် ဒေသခံမိတ်ဖက်တွေဟာ အလေးချိန်(၄၀၀၀) ကီလို ဂရမ်ရှိတဲ့ Sak Surin ကိုဇူလိုင်လ(၁) ရက်နေ့မှာ သီရိလင်္ကာကနေ ချင်းမိုင်ကို ပြန်လည်သယ် ဆောင်နိုင်ဖို့အတွက် ကွန်တိန်နာလှောင်အိမ်ထဲဝင်နိုင်ဖို့ သင်တန်းပေးနေတယ်လို့ သိရပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.