မော်စကို – ဇွန်(၂၅) 

ရုရားစစ်သုံးရဟတ်ယာဉ်တစ်စီးကို ဝဂ်နာ အဖွဲ့က ပစ်ချခဲ့တာဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်းက အတည်ပြုပြောဆိုခဲ့ပါတယ်။ 

ဝဂ်နာအဖွဲ့ကိုတည်ထောင်သူက သူ့တပ်သားတွေဟာ ယူကရိန်းနယ်နိမိတ်ကို ဖြတ်ကျော် လာနေပြီး ရုရှားစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုထားပါတယ်။ 

“အရပ်သားစစ်ကြောင်းက ရဟတ်ယာဉ်တစ်စင်းကို ဒီမနက်ဘဲပစ်ချလိုက်ပါပြီ။ PMC ဝဂ်နာယူနစ်တွေက ပစ်ချလိုက်တာပါ” လို့ ပရစ်ဂေါ့ဇင်းက အသံမက်ဆေ့ချ်နဲ့ AFP ကိုပြောခဲ့ တာပါ။ 

ရုရှားနိုင်ငံတောင်ပိုင်း ရိုစ့်စတော့ဗ်မြို့ကို ထိန်းချုပ်ဝင်ရောက်လာတာဖြစ်တယ်လို့ ဝဂ်နာအဖွဲ့ ခေါင်းဆောင်က ဆိုထားသလို သူရဲ့ သူ့လူတွေကို လမ်းမှာတားဆီးသူမှန်သမျှကိုလည်း ဖျက်ဆီး ပစ်မယ်လို့ ပြောခဲ့ပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ ရုရှားစစ်ခေါင်းဆောင်တွေက သူတို့ရဲ့ တိုက်ခိုက်ရေးသမား တွေကို သတ်ပစ်ခဲ့တယ်လို့ စွပ်စွဲပြီးနောက် ရုရှားကို ထိုက်တန်တဲ့ အပြစ်ပေးမယ်ဆိုပြီး ပရစ် ဂေါ့ဖ်ဇင်ဟာ လက်နက်ကိုင်ပုန်ကန်ဖို့ စတင်ခဲ့တာဖြစ်ပါတယ်။ 

လက်နက်ကိုင်ပုန်ကန်မှုတစ်ခုပြုလုပ်ဖို့ Wagner အဖွဲ့ရဲ့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး အစိုးရရှေ့နေ ကို ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်က အကြောင်းကြားထားတယ်လို့ ကရင်မလင်နန်းတော် က ထုတ်ပြန်ထားပါတယ်။ 

“ရုရှားဖက်ဒရေးရှင်း၏ရှေ့နေချုပ်သည် လက်နက်ကိုင်ပုန်ကန်မှုတစ်ခုပြုလုပ်ရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ ရာဇ၀တ်မှုတစ်ခုစတင်ခြင်းနှင့်ပတ်သက်၍ ပူတင်ထံ အစီရင်ခံတင်ပြခဲ့သည်” လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြောပါတယ်။

ရုရှားစစ်တပ်ခေါင်းဆောင်တွေကို ဖြုတ်ချဖို့ ဝဂ်နာတပ်ဖွဲ့ခေါင်းဆောင်က တောင်းဆိုခဲ့ပြီးနောက် အာဏာပိုင်တွေက လုံခြုံရေးအစီအမံတွေကို ပိုမိုတင်းကျပ်ထားတယ်လို့ ရုရှားနိုင်ငံပိုင် သတင်း အေဂျင်စီက ဖော်ပြထားပါတယ်။ 

“မော်စကိုမှာ လုံခြုံရေး အစီအမံတွေ တင်းကျပ်ထားပါတယ်။ အရေးကြီးတဲ့ အဆောက်အဦး တွေ၊ အစိုးရနဲ့ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦး ပစ္စည်းတွေအားလုံးကို အားဖြည့်ကာကွယ်မှုအောက်မှာ ထားရှိထားပါတယ်” လို့ ဥပဒေစိုးမိုးရေး သတင်းရင်းမြစ်ကို ကိုးကားပြီး အစိုးရပိုင် သတင်းဌာန TASS ကဖော်ပြခဲ့ပါတယ်။ 

ဝဂ်နာတည်ထောင်သူက ရုရှားကို သူရဲ့ တပ်ဖွဲ့တွေ သေစေလောက်တဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ တယ်လို့ စွပ်စွဲကာ လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ကတိပြုပြီးနောက် အခုလိုဖြစ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။  

Ref: Newsarab

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.