ပခုက္ကူ – ဇွန်(၂၄)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်(EPC) ရုံးဟာ ပြည်သူတွေကို အနိုင်ကျင့်စော်ကားတာတွေ များနေတယ်လို့ တိုင်ကြားခဲ့တဲ့အတွက် လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Force (UG)က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇွန်လ(၂၄) ရက်နေ့ မနက်ပိုင်းမှာ Young Force (UG)ပခုက္ကူမြို့နယ် ပ.က.ဖ တပ်ခွဲ(၂)က မြို့နယ် EPC ရုံးကိုလက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီ EPC ရုံးဟာ စစ်ကောင်စီတပ်တွေလုံခြုံရေးယူပြီး ပြည်သူတွေဆီက လျှပ်စစ်မီတာခတွေ အတင်းအဓမ္မ ခြိမ်းခြောက်ကောက်ခံနေတယ်ဆိုတဲ့ တိုင်ကြားစာတွေ ပခုက္ကူမြို့နယ် ပ.က.ဖ က လက်ခံရရှိပြီးနောက် တိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအလိုကျ ပြည်သူတွေကို ဆက်လက်အနိုင်ကျင့်စော်ကားတာတွေ လုပ်ဆောင်နေမယ် ဆိုပါက အသက်အန္တရာယ်အတွက် အာမခံပေးမှာ မဟုတ်သလို စစ်ကောင်စီရဲ့ ထောက်တိုင်မှန်သမျှ ကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ Young Force (UG) ကသတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Young Force (UG)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.