ကျိုက်ထို၊ ဇွန်(၂၄)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရဲနိုင်အောင်(ခေါ်)သင်္ချာဦးရဲနိုင်ဟာ ဇွန် ၂၂ ရက်နေ့ ညနေပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

သင်္ချာဦးရဲနိုင်ဟာ ကျိုက်ထိုမြို့ကနေ ကျိုက်ပိကျေးရွာဘက်ကို ကျူရှင်သင်ဖို့အသွား ကျိုက်ပိတောရ ကျောင်းမုဒ်ဝရှေ့မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သင်္ချာဦးရဲနိုင်ဟာ လည်ပင်း၊ ရင်ဘတ်နဲ့ဦးခေါင်းတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၉ ချက်ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ သင်္ချာဦးရဲနိုင်ကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကျိုက်ထိုဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အဲဒီကနေတဆင့် နေအိမ်ကိုပြန်လည်သယ်ဆောင်လာပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မြို့နယ်ကောင်စီဝင် သင်္ချာဦးရဲနိုင်ကို ကျိုက်ထိုတော်လှန်ရေအင်အားစု(KRF) က ပစ် ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

KFR ကတော့ သင်္ချာဦးရဲနိုင်ဟာ အရပ်သားပြည်သူတွေကို ပုဒ်မမျိုးစုံတပ် ဖမ်းဆီးခြိမ်းခြောက်ငွေညှစ် နေတဲ့အတွက် ရှင်းလင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။အခုဖြစ်စဉ်ဟာ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ မြို့နယ်အဆင့်ကောင်စီဝင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံရတာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.