ကော့သောင်း၊ ဇွန်(၂၄)

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ရေငန်းချိုင်ကျေးရွာရှိ စစ်ကောင်စီသြဇာခံ ပြည်သူ့ စစ် စခန်းငယ်တစ်ခု စီးနင်းတိုက်ခိုက်ခံရပြီး ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ၃ ဦး သေ ဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ်(ပဖက) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေငန်းချိုင်ကျေးရွာရှိ ပြည်သူ့စစ်စခန်းကို ဇွန် ၂၂ ရက်နေ့ မနက် ၁ နာရီလောက်မှာ တနင်္သာရီမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အလစ်ငိုက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်ဦးစိန်၊ အဖွဲ့ဝင်ဦးစိန်သန်းနဲ့ ဦးသန့်ဇင်တို့ ၃ ဦးသေဆုံးပြီး စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပြည်သူ့စစ်စခန်းအား ဝင်ရောက်စီးနင်းစဉ် လက်လုပ်သေနတ်တွေအပါအဝင် သေနတ် ၈ လက် သိမ်း ဆည်းရမိခဲ့သလို စိတ်ကြွရှုးသွပ်ဆေးပြားအပြား ၇၀ကျော်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တာပါ။

ကော့သောင်းမြို့နယ်(ပဖက) တာဝန်ရှိသူတွေက ရေငန်းချိုင်ကျေးရွာ ပြည်သူ့စစ်တွေဟာ စစ်ကောင် စီရဲ့ လက်ရုံးတွေဖြစ်လာတဲ့အတွက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ရောက်ရှိလာပြီး အလောင်းတွေကိုတော့ ကော့သောင်းစစ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ကလည်း ကော့သောင်းမြို့နယ်၊ ဆိတ်ဖူးကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အ ပါအဝင် အဖွဲ့ဝင် ၂ ဦးကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ-ကော့သောင်း PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.