ဟောင်ကောင်လေဆိပ်မှာ နိုင်ငံတကာလေကြောင်းလိုင်းက လေယာဉ်မတော်တဆဖြစ်ပြီး လူ၁၁ဦး ဒဏ်ရာရ
ဟောင်ကောင်၊ ဇွန်(၂၅) Cathay Pacific လေကြောင်းလိုင်းက လေယာဉ်အမှတ် CX880 ဟာ ဟောင်ကောင်လေဆိပ်မှာ နည်းပညာပိုင်း ဆိုင်ရာပြဿနာတစ်ခုဖြစ်ပေါ်ခဲ့ပြီး လူ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ထား ပါတယ်။ ဒီမတော်တဆမှုဟာ ဇွန်လ(၂၄)ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၁၇ ဦးနဲ့ ခရီး သည် ၂၉၃ ဦးတို့ လိုက်ပါလာတာဖြစ်ပါတယ်။ လေယာဉ်မှာနည်းပညာဆိုင်ရာ ပြဿနာဖြစ်ပေါ်နေကြောင်း…