နယူးဒေလီ – ဇွန်(၂၄)
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ လူ့အခွင့်အရေးအဖွဲ့တွေကို မတရားဖိနှိပ်မှုတွေအကြောင်း နိုင်ငံခြားရေးဌာနတွေရဲ့ အစီရင်ခံစာတွေ ရှိနေပေမယ့် သမ္မတ ဘိုင်ဒင်နဲ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လူနည်းစုတွေကို ခွဲခြားဆက်ဆံမှုရှိနေတာတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့ပါတယ်။
အိမ်ဖြူတော်မှာ မိုဒီနဲ့ တွေ့ဆုံချိန် လူ့အခွင့်အရေးနဲ့ တခြား ဒီမိုကရေစီတန်ဖိုးတွေကို ဆွေးနွေးခဲ့ တယ်လို့ သမ္မတ ဘိုင်ဒင်က ဆိုခဲ့တာပါ။
မွတ်ဆလင်နဲ့ တခြားလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို မြှင့်တင်ဖို့နဲ့ လွတ်လပ်စွာ ပြောဆိုခွင့် မြှင့်တင်ဖို့ ဘယ်ခြေလှမ်းတွေ လုပ်ဖို့ ဆန္ဒရှိသလဲလို့ သတင်းစာရှင်းလင်းပွဲမှာ မိုဒီကို မေးမြန်း ချိန်မှာတော့ သူက “မြှင့်တင်ဖို့ မလိုအပ်ဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။
“ကျွန်ုပ်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကျွန်ုပ်တို့၏အစိုးရဟာ ဒီမိုကရေစီက ကယ်ဆယ်နိုင် သည်ကို ကျွန်ုပ်တို့သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဇာတ်၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာရေး၊ ကျား၊ မ ခွဲခြားဆက်ဆံမှုများအတွက် နေရာမရှိပါဘူး” လို့ မိုဒီက သတင်းထောက်တွေကို ပြောခဲ့ပါ တယ်။
လူ့အခွင့်အရေးနဲ့ သာဘာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာတွေမှာတော့ အိန္ဒိယနိုင်ငံခြားရေး ဌာနဟာ မွတ်စလင်၊ဟိန္ဒူဒါလစ်၊ ခရစ်ယာန်တွေနဲ့ တခြားဘာသာရေးလူနည်းစုတွေအပေါ် ဆက် ဆံမှုတွေကို စိုးရိမ်ပူပန်ပူမှုတွေ ရှိနေသလို သတင်းထောက်တွေကို နှိပ်ကွပ်တာနဲ့ပတ်သက်ပြီး လည်း ဝေဖန်မှုတွေရှိနေပါတယ်။
ဟိန္ဒူအမျိုးသားရေးဝါဒီ (BJP) ပါတီနဲ့ ၂၀၁၄ ခုနှစ်ကတည်းက အာဏာရခဲ့တဲ့ မိုဒီ ကို သမ္မတ ဘိုင်ဒင်ရဲ့ ဒီမိုကရက်တစ်ပါတီက ဥပဒေပြုသူတွေအပါအဝင် လွှတ်တော်အမတ်တွေက လူသိ ရှင်ကြားတင်ပြဖို့ တိုက်တွန်းခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဇွန်လ(၂၂) ရက်နေ့ကလည်း အိမ်ဖြူတော်အနီးမှာ ဒါဇင်နဲ့ ချီတဲ့ ဆန္ဒပြသူတွေ စုဝေးခဲ့ ကြပြီး ဆန္ဒပြသူတွေဟာ မိုဒီရဲ့ မှတ်ချက်တွေကို ပယ်ချထားခဲ့ပါတယ်။
“သတင်းစာရှင်းလင်းပွဲမှာ ပထမဆုံးမေးခွန်းက သူဘာကြောင့် အမေးခံရတယ်လို့ထင်လဲဆိုတာ ကို မိုဒီတွေးသင့်တယ်။ အိန္ဒိယမှာ အခွင့်အရေး အလွဲသုံးစားလုပ်မှုတွေရှိနေတာ အားလုံးသိသာ ပါတယ်” လို့ Indian American Muslim Council မှ ဆန္ဒပြသူနဲ့ စည်းရုံးရေး ဒါရိုက်တာ အဂျစ်ရှာ ရှီက ပြောပါတယ်။
တရုတ်ကို တန်ပြန်ဖို့ အမေရိကန်အတွက် အိန္ဒိယရဲ့ အရေးပါမှုနဲ့ နှစ်နိုင်ငံစီးပွားရေးအရ ဆက်ဆံ မှုတွေဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဝေဖန်ဖို့ ဝါရှင်တန်အတွက် ခက်ခဲစေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
“မိုဒီရဲ့ မှတ်ချက်တွေဟာဟာ လုံးဝလိမ်ညာမှုတစ်ခုပါပဲ။ အိန္ဒိယဟာ ဘာသာရေးလူနည်းစုတွေ အတွက် ဘလက်ဟိုး (Black-Hole) တစ်ခု ဖြစ်လာခဲ့ပါတယ်” လို့ အိန္ဒိယ လူနည်းစုတွေအပေါ် တိုက်ခိုက်မှု အစီရင်ခံစာတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့ဖြစ်တဲ့ ဟင်ဒူဗာဝက်ချ်အဖွဲ့ တည်ထောင် သူက ဆိုပါတယ်။
အမေရိကန်ကွန်ဂရက်က မွတ်စလင်အမျိုးသမီးနှစ်ဦးနဲ့ တခြားတိုးတက်သော လွှတ်တော် အမတ်တချို့နဲ့အတူ အိန္ဒိယ အတိုက်အခံတွေ၊ လူနည်းစုတွေအပေါ် အထူးသဖြင့် မွတ်စလင် တွေအပေါ် စော်ကားမှု စွပ်စွဲချက်တွေကို ကိုးကားပြီး ကွန်ဂရက်မှာ ပြောမယ့် မိုဒီရဲ့ မိန့်ခွန်းကို သပိတ်မှောက်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ အဆင့် (၁၄၀) ကနေ ဒီနှစ်မှာတော့ အနိမ့်ဆုံးအမှတ်(၁၆၁) ကို ကျဆင်းသွားပြီး ငါးနှစ်ဆက်တိုက် တစ်ကမ္ဘာလုံးမှာ အင်တာနက် ပိတ်ပင်ထားမှု အများဆုံးစာရင်းမှာ ဦးဆောင်နေသူလည်းဖြစ်ပါတယ်။
Ref: Reuters