ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို ဖမ်းမမိတာကြောင့် စစ်ကောင်စီဟာ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာနေ ဖခင်ဖြစ်သူ ဦးအောင်ဖေကို ဇွန် ၁၉ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီး ပြီး ရိုက်နက်ခေါ်ဆောင်သွားပါတယ်။

သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို စစ်ကောင်စီက နယ်မြေလုံခြုံရေးပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး ဖမ်းဆီးပေးနိုင်သူကို ငွေကျပ် သိန်း ၃၀၀ ဆုချီးမြှင့်မယ်လို့ ပြီးခဲ့တဲ့နှစ်ကတည်းက ဝရမ်းထုတ်ထားတာပါ။ ဒါ ကြောင့် ဖခင်ဖြစ်သူကို စစ်ကောင်စီရဲ့ဝင်ရောက်ဖမ်းဆီးသွားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ထားဝယ်ခရိုင်သ ပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး ကိုမင်းလွင်ဦးရဲ့ဖခင်ဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်အပေါ် ပြောပြပေးပါဦး။

ကားလေးစီးနဲ့အင်အားကတော့ ၃၅လောက်ရှိတယ်ပြောတယ်။ စစ်ယူနီဖောင်းတွေနဲ့ အရပ်ဝတ်အဝတ်အစား တွေနဲ့ ၃၊၄ ယောက်လောက် ပါတယ်ပြောတယ်။ ၁၂နာရီကျော်လောက်က ရွာထဲဝင်လာပြီးတော့ ၁နာရီ လောက်မှာ ကျွန်တော်တို့အိမ်ကို ဝင်လာပေါ့ဗျာ။ သူတို့ဝင်လာချိန်မှာ ကျွန်တော့်အဖေရယ်၊ ကျွန်တော့်ညီမ လေးရယ်၊ ညီမလေးမှာ ကလေးလေးတစ်ယောက်ရှိတယ်။ ၂နှစ်ကျော်ပဲရှိသေးတယ်။ သူတို့၃ယောက်ပဲ

ရှိတယ်အိမ်မှာက။ သူတို့အိမ်ကို ဝင်လာပြီး မေးတာပေါ့ ဘယ်မှာနေလဲ။ မလာဘူးလားမေးတယ်။ ကျွန်တော့် အဖေကလည်း မလာဘူးပေါ့။ ကျွန်တော်က အာဏာမသိမ်းခင်တည်းက ကိုယ့်ဘာသာနေတာကိုး။ အာဏာ သိမ်းပြီးကာလတည်းက တစ်ခါမှဖုန်းမဆက်ဖြစ်ဘူး။ ကျွန်တော့်အဖေနဲ့ ကျွန်တော်က အဆက်အသွယ်မရှိဘူး။ သူတို့အိမ်ပေါ်နဲ့အိမ်အောက် တစ်အိမ်လုံးမွှေရှာတယ်။ အရင်က ကျွန်တော်က ကျောင်းသားသမဂ္ဂလုပ်ဖူးတော့ ဗီဒိုထဲမှာ ကျောင်းသားသမဂ္ဂလက်ပတ်လေး ထွက်လာတယ်ပြောတယ်။ ကျောင်းသားသမဂ္ဂထားဝယ်ရဲ့ တီရှပ် လေးထွက်လာတယ်ပြောတယ်။ ဒီဟာတွေတွေ့တယ်ပေါ့။ သူတို့က ကျွန်တော်ညီမလေးကို ပြတယ်ပြော တယ်။ ကျွန်တော်အမေက ဘတ်ထရီအိုးနှစ်လုံးဆက်ဖို့ ဆိုပြီးတော့ ပတ်ကြိုးလေးတစ်ခု ဝယ်ထားတယ်လို့ ပြောတယ်။ သူတို့ရှာထုတ်တော့ အဲဒီပတ်ကြိုးလေးပါ။ ဘယ်ကနေ ထွက်လာမှန်းမသိဘူး။ ဘာလုပ်ဖို့လဲ သူတို့ကမေးတော့ ကျွန်တော့်အဖေက ဘတ်ထရီအိုးမရရင် တခြားဘတ်ထရီအိုးနဲ့ ဆက်ရတာကိုး အဲဒီလို ကြိုးလို့ပြောတယ်။ သူတို့ကဒီဟာမျိုးကို အိမ်မှာသုံးလို့မရတာ မသိဘူးလားဆိုပြီး သူတို့က လက်ပါခြေပါလုပ် တယ်။ ကန်ထုတ်တယ်လို့ အဲဒီလိုမျိုး လုပ်တယ်လို့ပြောတယ်။

-ဖမ်းဆီးစဉ် ရိုက်နှက်နှိပ်စက်တာတွေရော လုပ်ဆောင်သွားလား။

ကျွန်တော့်ညီမလေးပြောတာတော့ မေးပြီးတော့ကန်တာ။ အဲဒီလိုမျိုး လက်ပါခြေပါလုပ်တာပေါ့။ အဲဒီလိုမျိုး။

-စစ်ကောင်စီက လာဖမ်းဆီးစဉ် နေအိမ်က ဖုန်း ၂ လုံးနဲ့ ပိုက်ဆံ ၈ သိန်းလည်း ယူသွားမယ်လို့ ကြားသိ ရပါတယ်။ အဲဒါကရော ဟုတ်လား။

ကျွန်တော်အဖေဖုန်းရယ်၊ အမေဖုန်းရယ် ငွေကျပ်၈သိန်းလောက်ပါသွားတယ်။ သူတို့ကအိမ်ထဲမှာ ရှာပြီးရင် ပ ထမသူတို့က မရှာခင်ပြောတယ်လို့ ပြောတယ်။ ကျွန်တော့်ညီမလေးကို တန်ဖိုးရှိတဲ့ပစ္စည်းရှိရင် ယူထားပေါ့ ။ သူတို့ရှာမယ်ပေါ့။ ကျွန်တော့်ဗီဒိုထဲမှာ အခုတော်လှန်ရေးကာလမှာ ထည့်ထားတာလည်း မဟုတ်ဘူး။ ကြာပြီ။

အဲဒါတွေ သူတို့လာပြတယ်ပြောတယ်။ စာရွက်တွေ ကျွန်တော်ထင်တာတော့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ စာရွက်တော့ ကျွန်တော့်မှာမရှိဘူး။ အရင်က ကျောင်းသားသမဂ္ဂလုပ်တော့ ရှိရင်ရှိမှာပေါ့။ ကျွန်တော်လည်း မမှတ်မိဘူး။

-အခုသူတို့ ဘယ်မှာဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရလဲ။

လောင်းလုံမြို့နယ် ရဲစခန်းမှာလို့ ပြောတယ်။ ဒီနေ့မနက် ကျွန်တော့်အမေသွားတွေ့တော့ သူတို့က ဘယ်သူနဲ့မှ တွေ့ခွင့်မပေးသေးဘူးလို့ပြောတယ်။ လိုအပ်တဲ့အဝတ်အစားလေးတွေနဲ့ အစားအသောက်တွေတော့ ပေးခဲ့ရ တာပေါ့။

-ကိုမင်းလွင်ဦးရဲ့ဖခင်က ကျန်းမာရေး မကောင်းဘူးလို့ သိရပါတယ်။ ဘာရောဂါခံစားနေရတာလဲ။ အသက် ၆၅ နှစ်တော့ရှိပြီ။ ပြီးတော့ ကျွန်တော်အဖေက ကျန်းမာရေးမကောင်းဘူး။ အရင်ကကောင်းခါစပဲ ရှိသေးတယ်။ ကျွန်တော်အဖေက အမြဲတမ်းရန်ကုန်တက်ပြီးဆေးခန်းပြနေရတယ်။ အဲဒီလိုအနေအထားရှိတယ်ဗျ။

-နောက်ဆုံးအနေနဲ့ အခုလိုမဆိုင်တဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတဲ့အပေါ် စစ်ကောင်စီကိုဘာတွေ ပြောချင်တာ ရှိမလဲ။

ဘာပြောပြော သေချာတာက ကျွန်တော့်အဖေမှာ တရားစွဲတင်လောက်တဲ့ ပြစ်မှုဘာတစ်ခုမှမရှိဘူး။ သူတို့ကို ဆန့်ကျင်ပုန်ကန်လို့ အပြစ်ရှိတယ်လို့ ယူဆတယ်ဆို ကျွန်တော်မှာပဲအပြစ်ရှိတယ်ပေါ့။ ကျွန်တော့်မိသားစုမှာ ဘာအပြစ်မှမရှိဘူး။ ပြီးတော့ ကျွန်တော်ကအသက်၁၈နှစ်မပြည့်သေးတဲ့ ကလေးလည်း မဟုတ်ဘူး။ မိသားစုနဲ့ အတူနေတဲ့ကလေးလည်းမဟုတ်ဘူး။ ဘာမှအပြစ်မရှိတဲ့ လူတစ်ယောက်ကို ဒီလိုမျိုးဖမ်းဆီးတာမျိုးကျတော့ တော်တော်လေးဆိုးရွားတာပေါ့။ ကျွန်တော်တို့ကိုတော်လှန်ရေးက ရွေးခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့က တော်လှန်ရေးကို ရွေးခဲ့တာ။ ဘယ်ပယောဂမှလည်း မပါဘူး။ ကိုယ့်ဘာသာရွေးခဲ့တာ။ မိသားစုနဲ့ဘာမှမ သက်ဆိုင်ဘူး။ သူတို့ အနှောင့်အယှက် ပေးစရာလည်းမလိုဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.