လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိမှုကြောင့် ထိုင်းနိုင်ငံသား (၄) ဦး မလေးရှားမှာ တရားစွဲခံရ

ကွာလာလမ်ပူ – ဇွန်(၂၄) 

မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကိစ္စကတဆင့် ၂၀၁၅ ခုနှစ် မလေးရှားနဲ့ ထိုင်း နယ်စပ်မှာ လူသင်္ချိုင်းတွေ အစုလိုက်အပြုံလိုက်တွေ့ရှိမှုနဲ့ လူကုန်ကူးစခန်းတွေလို့ သံသယရှိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံသား (၄)ဦးကို မလေးရှားမှာ စွဲချက်တင်ခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က လူကုန်ကူးအဖွဲ့တွေနဲ့ ဆက်စပ်တဲ့ လူသေ (၁၃၉) လောင်းနဲ့ စခန်းနေရာ နှစ်ဒါဇင်ကျော်ကို မလေးရှားနဲ့ ထိုင်းနယ်စပ်က ဝန်ကီလန်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ 

ထိုင်းအမျိုးသား(၄) ဦးဟာ မြန်မာနိုင်ငံသား(၂) ဦးကို တရားမဝင်ရောင်းစားခဲ့တာကြောင့် လူကုန် ကူးမှု တိုက်ဖျက်ရေးနဲ့ ရွှေ့ပြောင်းနေထိုင်မှု တိုက်ဖျက်ရေး အက်ဥပဒေ -၂၀၀၇ နဲ့ မလေးရှား နိုင်ငံမှာ တရားစွဲထားတာဖြစ်တယ်လို့ ဘာနာမာက သတင်းထုတ်ပြန်ထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(၁၅) နှစ်အထိ ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။ 

တရားရုံးက သူတို့ကို အာမခံမပေးတဲ့အပြင် ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အသနားခံစာ တွေကိုလည်း မှတ်တမ်းတင်ထားတာမရှိဘူးလို့ သိရပါတယ်။ 

တရားစွဲခံထားရတဲ့ အမျိုးသား(၄) ဦးကို ဒီသီတင်းပတ်အတွင်း ထိုင်းနိုင်ငံက လွှဲပြောင်းပေးခဲ့ပြီး နယ်စပ်စခန်းတွေမှာ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၇ ခုနှစ်တည်းက တရားခံလွှဲ ပြောင်းပေး ကြိုးပမ်းခဲ့တဲ့ ထိုင်းနိုင်ငံသား(၁၀) ဦးမှာ ဒီတရားခံ(၄) ဦးပါဝင်တယ်လို့ မလေးရှား ဘက်က ပြောထားပါတယ်။ 

ဒါ့အပြင် ၂၀၁၉ ခုနှစ်က စတင်ခဲ့တဲ့ မလေးရှားလူထုစုံစမ်းစစ်ဆေးမှုမှာ နယ်ခြားစောင့်တပ်ရဲ့ အားနည်းချက်တွေကို တွေ့ရှိခဲ့ပေမယ့် မလေးရှားရဲတပ်ဖွဲ့မှ အရာရှိ၊ပြည်သူ့ဝန်ထမ်း ဒါမှမဟုတ် ဒေသခံတွေဟာ လူကုန်ကူးမှုနဲ့ လူမှောင်ခိုဂိုဏ်းတွေမှာ ပါဝင်ပတ်သက်တာ မရှိဘူးလို့ ဆိုထား ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.