ပုလော၊ ဇွန်(၂၃)

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပလမြို့ ပဝတ်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ် ရင်း ၁ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ကစပြီး တပ်အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပဝတ်ကုန်းကျေးရွာထဲ စစ်ကြောင်း ၃ ကြောင်းခွဲကာ ဝင်ရောက်လာတဲ့အတွက် ဒေသကာကွယ်ရေးတပ်တို့နဲ့ ၂ ရက်ဆက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ပလတိုရွာစစ်ဆေးရေးဂိတ်နဲ့ ပုလော-မကျည်းကုန်း စစ်ဆေးရေးဂိတ်တွေ ပိတ်ထားခဲ့အတွက် ခရီးသွားကားရာနဲ့ချီ အချိန် ၂ ရက်အကြာ ပိတ်မိခဲ့ပါတယ်။

ဇွန် ၂၂ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိတော့အတွက် ခရီးသွားကားတွေ ပုံမှန်အတိုင်း ပြန် လည်သွားလာနေကြပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ကလည်း ပဝတ်ကုန်းကျေးရွာအနီး ရန်ကုန်-မြိတ်ကားလမ်းပေါ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က ခရီးသွားကားတွေ စစ်ဆေးနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအ တွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Palaw PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.