ထားဝယ် – ဇွန်(၂၂)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင်ဖြစ်သူ မညိုမာဦး ဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် လွတ်ရက်စေ့တဲ့အတွက် ထားဝယ်အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတယ်လို့ DDMSC က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၂) ရက်နေ့ မနက်ပိုင်းက ထောင်က ပြန်လွတ်လာတာဖြစ်ပြီး သူ့ကို ပုဒ်မ ၅၀၅-က၊ ၅၀၅-ဂ အပြင် ၁၉-စ တို့နဲ့ ထောင်ဒဏ်(၃) နှစ် (၆) လချမှတ်ထားတာပါ။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ(၂၉) ရက်နေ့က မညိုမာဦး ကို ထားဝယ်မြို့ ကျောက်မော်ရပ်ကွက် မှာရှိတဲ့ နေအိမ်တစ်ခုမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီရဲ့ ကော်မတီဝင်(၅) ဦးဖမ်းဆီးခံထားရပြီး ထားဝယ်အကျဉ်းထောင် မှာ ကော်မတီဝင်(၂) ဦးထောင်ဒဏ်ကျခံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဟာ တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အားကောင်းကောင်းနဲ့ ပြုလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – DDMSC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.