ဒါနမ်း၊ ဇွန်(၂၄)

 တောင်တရုတ်ပင်လယ်တွင် ပေကျင်းနဲ့ တင်းမာမှုတွေဟာ ဆက်လက်မြင့်မားနေပေမယ့် အမေရိကန်နျူက လီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ရော်နယ်ရေဂန်ဟာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနမ်းဆိပ် ကမ်းမြို့မှာ ဇွန်လ ၂၅ ရက်နေ့မှာ ဆိုက်ကပ်မှာဖြစ်ပါတယ်။ 

ဒါဟာ အရှေ့တောင် အာရှနိုင်ငံကို အမေရိကန် စစ်သင်္ဘောတစ်စင်းလာရောက်လည်ပတ်မှုအဖြစ် ရှားရှားပါးပါး အခြေအနေလည်းဖြစ်ပါတယ်။ 

အဲဒီသင်္ဘောဟာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာ ဆိုက်ရောက်မှာဖြစ်ပြီး ဆိပ်ကမ်းမြို့မှာ ဇွန်လ (၃၀) ရက်အထိ ရှိနေမှာဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်း မီဒီယာတွေက ဖော်ပြနေပါတယ်။ 

ယူအက်စ်အက်စ် ရော်နယ်ရေဂန်ရဲ့ ခရီးစဉ်ဟာ ဗီယက်နမ်စစ်ပွဲအပြီးကတည်းက အမေရိကန် လေယာဉ်တင် သင်္ဘော လည်ပတ်မှုအနေနဲ့ တတိယမြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်။ 

ယူအက်စ်အက်စ် သီယိုဒေါ ရိုစီဗာတ် လေယာဉ်တင်သင်္ဘောဟာလည်း ၁၉၇၅ ခုနှစ် ဗီယက်နမ်စစ်ပွဲ ပြီးဆုံးခဲ့တဲ့ (၂၅) နှစ်မြောက်အထိမ်းအမှတ်အဖြစ် ၂၀၂၀ ခုနှစ်က ဗီယက်နမ်မှာ ရပ်နားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

 အခုနှစ်မှာတော့ တောင်တရုတ်ပင်လယ်ရှိ နယ်နိမိတ်မျဉ်းတွေနဲ့ ပတ်သက်ပြီး ဟနွိုင်းနဲ့ မကြာခဏ အငြင်း ပွားမှုတွေကြားမှာ ဝါရှင်တန်ဟာ ဗီယက်နမ်နဲ့သူ့ရဲ့ တရားဝင်ဆက်ဆံရေးကို အဆင့်မြှင့်တင်ဖိူ့ ကြိုးပမ်းနေ တာလည်း ဖြစ်ပါတယ်။ 

ဗီယက်နမ်နဲ့ဒေသတွင်းရှိ အခြားနိုင်ငံတွေရဲ့ သီးသန့်စီးပွားရေးဇုန်တွေအပါအဝင် ရေပိုင်နက်တစ်ခုလုံးနီးပါးကို တရုတ်က သူ့ပိုင်နက်အဖြစ် တောင်းဆိုထားတာ ဖြစ်ပါတယ်။ 

အမေရိကန်သင်္ဘောတွေဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအတွက် အရေးပါတဲ့လမ်းကြောင်း တွေဖြစ်တဲ့ စွမ်းအင်ကြွယ်ဝတဲ့ပင်လယ်ကို မကြာခဏ ဖြတ်ကျော်လေ့ရှိပြီး စစ်သင်္ဘောတွေကို တရုတ်သင်္ဘောတွေက နောက်ယောင်ခံလိုက်လေ့ရှိတာလည်း ဖြစ်ပါတယ်။

 ဗုဒ္ဓဟူးနေ့မှာ တရုတ်လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းနဲ့ အစောင့်အကြပ်အဖွဲ့တစ်ဖွဲ့ဟာ ထိလွယ်ရှလွယ် ဖြစ်နေတဲ့ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ပြီး တောင်ဘက်သို့ ရွက်လွှင့်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.