ဆားလင်းကြီး – ဇွန်(၂၃)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ကျန်းမာရေးဌာနက စစ်ဘေးရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ဘေးရှောင်တွေထဲက မီးဖွားဖို့ လိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်မိခင် လောင်း တွေအတွက်လည်း မီးဖွားသန့်စင်ပေးတာတွေ လုပ်ဆောင်ပေးနေတာပါ။
ဆားလင်းကြီး မြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသလို စားနပ်ရိက္ခာလိုအပ်ချက်တွေအတွက် ဆားလင်းကြီးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျန်းမာရေးဌာန၊လူသားချင်းစားနာမှုဌာန၊ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ် ရေးရာ ဝန်ကြီးဌာနတို့က ရပ်ကျေး ပ.အ.ဖ/ပ.က.ဖ၊ လက်ပံတောင်းတောင် ပင်မသပိတ်အဖွဲ့၊ မုံရွာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ စတဲ့ အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲညီစွာ ကူညီစောင့်ရှောက် ပေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ