June 23, 2023

တင်းမာမှုတွေကြားကပဲ အမေရိကန်လေယာဉ်တင်သင်္ဘောကြီး ဗီယက်နမ်ဆိပ်ကမ်းကို ဆိုက်ကပ်မယ်

ဒါနမ်း၊ ဇွန်(၂၄) တောင်တရုတ်ပင်လယ်တွင် ပေကျင်းနဲ့ တင်းမာမှုတွေဟာ ဆက်လက်မြင့်မားနေပေမယ့် အမေရိကန်နျူက လီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ရော်နယ်ရေဂန်ဟာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနမ်းဆိပ် ကမ်းမြို့မှာ ဇွန်လ ၂၅ ရက်နေ့မှာ ဆိုက်ကပ်မှာဖြစ်ပါတယ်။ ဒါဟာ အရှေ့တောင် အာရှနိုင်ငံကို အမေရိကန် စစ်သင်္ဘောတစ်စင်းလာရောက်လည်ပတ်မှုအဖြစ် ရှားရှားပါးပါး အခြေအနေလည်းဖြစ်ပါတယ်။ အဲဒီသင်္ဘောဟာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာ ဆိုက်ရောက်မှာဖြစ်ပြီး ဆိပ်ကမ်းမြို့မှာ ဇွန်လ…

လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိမှုကြောင့် ထိုင်းနိုင်ငံသား (၄) ဦး မလေးရှားမှာ တရားစွဲခံရ

လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိမှုကြောင့် ထိုင်းနိုင်ငံသား (၄) ဦး မလေးရှားမှာ တရားစွဲခံရ ကွာလာလမ်ပူ – ဇွန်(၂၄) မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကိစ္စကတဆင့် ၂၀၁၅ ခုနှစ် မလေးရှားနဲ့ ထိုင်း နယ်စပ်မှာ လူသင်္ချိုင်းတွေ အစုလိုက်အပြုံလိုက်တွေ့ရှိမှုနဲ့ လူကုန်ကူးစခန်းတွေလို့ သံသယရှိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံသား (၄)ဦးကို မလေးရှားမှာ စွဲချက်တင်ခဲ့ပါတယ်။…

အိန္ဒိယမှာ ဘာသာရေးခွဲခြား ဆက်ဆံမှုရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် မိုဒီ ငြင်းဆန်

နယူးဒေလီ – ဇွန်(၂၄) အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ လူ့အခွင့်အရေးအဖွဲ့တွေကို မတရားဖိနှိပ်မှုတွေအကြောင်း နိုင်ငံခြားရေးဌာနတွေရဲ့ အစီရင်ခံစာတွေ ရှိနေပေမယ့် သမ္မတ ဘိုင်ဒင်နဲ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လူနည်းစုတွေကို ခွဲခြားဆက်ဆံမှုရှိနေတာတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့ပါတယ်။ အိမ်ဖြူတော်မှာ မိုဒီနဲ့ တွေ့ဆုံချိန် လူ့အခွင့်အရေးနဲ့ တခြား ဒီမိုကရေစီတန်ဖိုးတွေကို ဆွေးနွေးခဲ့ တယ်လို့ သမ္မတ ဘိုင်ဒင်က…

မုန်တိုင်းဒဏ်သင့် ဒေသခံတွေကို ကူညီကယ်ဆယ်ခွင့် စစ်ကောင်စီပိတ်ပင်ထား

မော်လမြိုင် – ဇွန်(၂၃) မြန်မာနိုင်ငံကို မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီး တစ်လကျော်ကြာတဲ့အထိ စစ်ကောင်စီ ဘက်က ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ သွားရောက်မယ့် လူမှုကူညီရေးအဖွဲ့တွေကို သွားလာခွင့်ပိတ်ပင်ထားတယ်လို့ UNOCHA က ဇွန်လ(၂၂) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံတွေရဲ့ ဆိုးရွားနေတဲ့ စားဝတ်နေ ရေး အခြေအနေတွေဟာ ပိုမိုဆိုးရွားလာခဲ့သလို မုတ်သုန်ရာသီနဲ့…

ထားဝယ်ခရိုင် ဒီမိုရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ထောင်ကပြန်လွတ်လာ

ထားဝယ် – ဇွန်(၂၂) တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင်ဖြစ်သူ မညိုမာဦး ဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် လွတ်ရက်စေ့တဲ့အတွက် ထားဝယ်အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတယ်လို့ DDMSC က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂၂) ရက်နေ့ မနက်ပိုင်းက ထောင်က ပြန်လွတ်လာတာဖြစ်ပြီး သူ့ကို ပုဒ်မ ၅၀၅-က၊ ၅၀၅-ဂ အပြင် ၁၉-စ တို့နဲ့…

ဆားလင်းကြီးပြည်သူ့ကျန်းမာရေးဌာနက စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ

ဆားလင်းကြီး – ဇွန်(၂၃) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ကျန်းမာရေးဌာနက စစ်ဘေးရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ဘေးရှောင်တွေထဲက မီးဖွားဖို့ လိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်မိခင် လောင်း တွေအတွက်လည်း မီးဖွားသန့်စင်ပေးတာတွေ လုပ်ဆောင်ပေးနေတာပါ။ ဆားလင်းကြီး မြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသလို စားနပ်ရိက္ခာလိုအပ်ချက်တွေအတွက် ဆားလင်းကြီးမြို့နယ် ပြည်သူ့…

“သေချာတာက ကျွန်တော့်အဖေမှာ တရားစွဲတင်လောက်တဲ့ ပြစ်မှုဘာတစ်ခုမှမရှိဘူး။ သူတို့ကို ဆန့်ကျင်ပုန် ကန်လို့ အပြစ်ရှိတယ်လို့ ယူဆတယ်ဆို ကျွန်တော်မှာပဲအပြစ်ရှိတယ်ပေါ့။ ကျွန်တော့်မိသားစုမှာ ဘာအပြစ် မှမရှိဘူး”

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို ဖမ်းမမိတာကြောင့် စစ်ကောင်စီဟာ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာနေ ဖခင်ဖြစ်သူ ဦးအောင်ဖေကို ဇွန် ၁၉ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီး ပြီး ရိုက်နက်ခေါ်ဆောင်သွားပါတယ်။ သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို စစ်ကောင်စီက နယ်မြေလုံခြုံရေးပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး ဖမ်းဆီးပေးနိုင်သူကို ငွေကျပ် သိန်း ၃၀၀ ဆုချီးမြှင့်မယ်လို့ ပြီးခဲ့တဲ့နှစ်ကတည်းက ဝရမ်းထုတ်ထားတာပါ။ ဒါ ကြောင့် ဖခင်ဖြစ်သူကို…

စစ်ကောင်စီ စစ်ကြောရေးမှာသတ်ဖြတ်ခံရသူ ၉၀ ကျော်အထိရှိလာ

ရန်ကုန်၊ ဇွန်(၂၃) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ်ဇွန် ၂၁ ရက်နေ့အထိ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီ စစ်ကြောရေးစခန်းတွေမှာ သတ်ဖြတ်ခံရသူ ၉၁ ဦးအထိ ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP က ထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရသူ ၉၁ ဦးမှ အမျိုးသား ၈၈ ဦး အမျိုးသမီး ၃ ဦးပါဝင်တယ်လို့…