ကွာလာလမ်ပူ – ဇွန်(၂၃) 

မလေးရှားနိုင်ငံရဲ့ အထက်လွှတ်တော်က သေကြောင်းကြံစည်ဖို့ ရည်ရွယ်တာနဲ့ ပတ်သက်ပြီး ပြစ်မှုအဖြစ်ကနေဖယ်ရှားဖို့ တတိယမြောက် ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့ကာ မူကြမ်းနှစ်ရပ် ကို အစောပိုင်းက အတည်ပြုထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

ဝန်ကြီးချုပ်ရုံးရဲ့ ဥပဒေနဲ့ အင်စတီကျူရှင်းပြောင်းလဲမှုဆိုင်ရာ ဆက်စပ်တဲ့ လက်ထောက်ဝန်ကြီး က မိမိကိုယ်ကို သေကြောင်းကြံစည်ဖို့ ကြိုးပမ်းနေသူတွေကို ကယ်ဆယ်နိုင်ဖို့အတွက် အကျပ် အတည်းကြားက ဝင်ရောက်ဖြေရှင်းရေးအရာရှိတွေကို အခွင့်အာဏာပေးတဲ့ ဥပဒေတစ်ရပ်ကို အထက်လွှတ်တော်မှာ ပြောခဲ့တာပါ။ 

“အခုလိုအခွင့်အာဏာပေးတဲ့အထဲမှာ သေကြောင်းကြံစည်ဖို့ ကြိုးစားနေတဲ့ အခင်းဖြစ်ပွားရာ နေအိမ်များအတွင်းကို အင်အားသုံးထိုးဖောက်ဝင်ရောက်ဖို့ ဆိုတာလည်းပါပါတယ်။ ဒါကလည်း လိုအပ်တဲ့ အရာပါ”လို့ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ၂၀၂၃ ခုနှစ် စိတ်ကျန်းမာရေးဥပဒေကို အတည်ပြုထားပြီးဖြစ်တယ်လို့လည်း သိရပါ တယ်။  

အသစ်ပြဌာန်းထားတဲ့ ဥပဒေတွေမှာ ထိခိုက်ခံရသူတွေကို ဦးတည်ရည်ရွယ်ထားတာဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။ 

ဒါပေမယ့် ဥပဒေသစ်ဟာ အကျပ်အတည်းဝင်ရောက်ဖြေရှင်းရေးအရာရှိတွေရဲ့ ရာထူးနဲ့ အာဏာ ကိုသာ သတ်မှတ်ထားတာဖြစ်တယ်လို့ ဝေဖန်တာတွေလည်း ရှိနေပါတယ်။ 

အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေတွေထဲမှာ မိမိကိုယ်ကို သေကြောင်းကြံစည်သူတွေကို ဆေးဘက် ဆိုင်ရာ ဌာန ဒါမှမဟုတ် ကုသမှုတစ်ရပ်ပေးအပ်ဖို့ကိုလည်းထည့်သွင်းဖော်ပြထားသလို သေကြောင်း ကြံစည်သူရဲ့ အမျိုးအစားကို ခွဲခြားဖော်ပြထားပါတယ်။  

ဥပဒေအသစ်တွေကို မလေးရှားဘုရင် အတည်ပြုရေးအတွက် တင်ပြမှာဖြစ်ပြီး ပြင်ဆင်ချက်ကို အကျုံးဝင်ရေးအတွက်လည်း ဂေဇက်တွေမှာဖော်ပြသွားဖို့ ရှိနေပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ မှတ်ချက်တွေမှာ မလေးရှားနိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာ ဖြစ်ပွားမှု (၆၃၁) မှုနဲ့ နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်မှာ မိမိကိုယ်ကို သတ်သေမှု (၁၁၄၂) မှုဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဟောင်းက ပြောခဲ့ပါတယ်။ 

ကမ္ဘာ့ဘဏ်ရဲ့ လတ်တလော အချက်အလက်တွေအရ သတ်သေမှုနှုန်းဟာ ၂၀၁၉ ခုနှစ်မှာ လူဦးရေ တစ်သိန်းမှာ (၅.၇) ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.