ဇူရစ် – ဇွန်(၂၂) 

ဆွစ်ဇာလန်နိုင်ငံမှာ အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ လူမျိုးရေးခွဲခြားမှုအဖြစ် မေးခွန်းထုတ်စရာဖြစ် လာတဲ့ လူမည်းအမျိုးသားတစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး စွဲချက်တင်ခံထားရတဲ့ ရဲအရာရှိ (၆) ဦးကို တရားရုံးက စီရင်ချက်ချမှတ်သွားဖို့ ရှိနေပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က လူဆန်လမ်းက လမ်းတစ်ခုမှာ အသက်(၃၉) နှစ်အရွယ် နိုင်ဂျီးရီးယား နိုင်ငံသား မိုက်ခါဘန်ပီတာဟာ ဖမ်းဆီးခံရချိန်မှဦ ကန်ကျောက်ခံရပြီးနောက် ပြင်းထန်တဲ့ နှလုံး ဖောက်မှုဒဏ်ကို ခံစားခဲ့ရတာပါ။ 

တရားစွဲဆိုမှုဟာ အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုးမိနစ်ကျော်ကြာ လည်ပင်းပေါ် ဒူးခေါင်းနဲ့ ထေက်ပြီး ဖမ်းဆီးခံရစဉ် သေဆုံးသွားခဲ့တဲ့ ဂျော့ဖလွိုက်နဲ့ အမှုနဲ့ နှိုင်းယှဉ်ထားတာဖြစ်ပါတယ်။ 

အာဏာပိုင်တွေရဲ့ ပေါ့ဆစွာလူသတ်မှုစွဲချက်တွေကို ငြင်းဆိုထားကာ သူတို့ကို တရားသေလွှတ် ပေးဖို့ ကြိုးပမ်းနေတာဖြစ်ပေမယ့် ရှေ့နေတွေကတော့ ဖလွိုက်ရဲ့ အမှုကိစ္စနဲ့ နှိုင်းယှဉ်မှု မှန်သမျှ ကို ပယ်ချထားပါတယ်။ 

စွဲချက်တင်ခံထားရသူတွေအနေနဲ့ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် (၃) နှစ်အထိ ချမှတ် ခံရနိုင်ပြီး ဆွစ်ဇာလန်ရဲ့ ကိုယ်ရေးကိုယ်တာ ဥပဒေအရ သူတို့ရဲ့ အမည်ကိုတော့ ဖော်ပြသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ 

“ရဲတွေရဲ့ လုပ်ရပ်တွေက လူအသေအပျောက် ဖြစ်စေခဲ့တာလား။ ကျွမ်းကျင်သူတွေက ရဲတပ်ဖွဲ့ရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့်မဟုတ်ကြောင်း ပြောပါတယ်” လို့ တရားခံ ရှေ့နေ ဂျင်းစ်အီမန်နျူရယ် ရိုဆယ်လ်က တရားခွင်မှာ ပြောထားပါတယ်။ 

သေဆုံးသူရဲ့ မိသားစုကတော့ ရှေ့နေဆိုင်မွတ်နုတ်က ဒီသေဆုံးမှုဟာ မတော်တဆမှုလို့ မှတ်ယူ နေတာဟာ စုံစမ်းထောက်လှမ်းရေးကို စော်ကားမှုဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက အရာရှိတွေရဲ့ အမှုတွဲကို ဦးဆောင်ကိုင်တွယ်နေတဲ့ အစိုးရရှေ့နေက သူတို့ ဟာစည်းကမ်းဖောက်ဖျက်တာတာဖြစ်တယ်လို့ ဆွစ်ဇာလန်ရုပ်သံ RTS ကိုပြောခဲ့ပါတယ်။ 

ဆွစ်ဇာလန်ဥပဒေရဲ့ စည်းစနစ်အရ ဖြစ်နိုင်ခြေရှိနေချိန်မှာဘဲ အစိုးရရှေ့နေတွေရဲ့ အခုလို အလှည့်အပြောင်းဖြစ်တာမျိုးကို အရင်က မကြားဖူးဘူးလို့ ရှေ့နေတွေက ဆိုကြပြီး တရားရုံး အနေနဲ့ စီရင်ချက်ချနိုင်ဆဲဖြစ်တယ်လို့ သိရပါတယ်။ 

“ဒါဟာ အလွန်ထူးဆန်းပြီး ကျွန်တော့်အတွက်ကတော့ ဆွစ်ဇာလန်ရဲအရာရှိတွေနဲ့ ပတ်သက်တဲ့ အမှုတွေမှာ တရားစွဲဖို့ စွမ်းဆောင်ရည်နဲ့ ဆန္ဒရှိမှုအပေါ် ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဒါက အတည်ပြုပါတယ်” လို့ နူတ်က ရိုက်တာသို့ ပြောခဲ့ပါတယ်။ 

ဘင်ပီတာ သေဆုံးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး တောင်းဆို ဆန္ဒပြမှုတွေ လည်း ဇူရစ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

ဆွစ်ဇာလန်မှာ စနစ်ကျတဲ့ လူမျိုးရေးခွဲခြားမှုရှိတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့က ပြီးခဲ့တဲ့နှစ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး အင်အားအလွန်အကျွံအသုံးပြုမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ ပြစ်ဒဏ် မခံရတာတွေကို မျှော်လင့်တာတွေနဲ့ ပတ်သက်ပြီး လေးလေးနက်နက် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ် စေခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

အစိုးရရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ လေ့လာမှုတစ်ခုမှာတော့ လူမျိုးရေးခွဲခြားမှုမှာ ဖွဲ့စည်းတည်ဆောက်ပုံ နဲ့ သက်ဆိုင်တယ်လို့ ဆိုထားပါတယ်။ 

စွဲချက်တင်ချက်အရ ဘင်ပီတာမှာ ဆေးခြောက်ပါဝင်တဲ့ အိတ်ကိုယူပြီးနောက် သူ့ကို ရဲတပ်ဖွဲ့ ဝင်တွေက မူးယစ်ဆေးဝါးကင်းလှည့်နေချိန်မှာ သတိပြုမိခဲ့ကြပြီး ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးဖို့ တောင်း ဆိုမှုကို လိုက်နာတာမရှိတဲ့အတွက် ငရုတ်ကောင်းမှုန့်ဖျန်းဆေးကို အသုံးပြုကာ မြေပြင်ကို ဒူးခွေ ကျစေတဲ့ နံရိုးထိကန်ချက်နဲ့ မြေပြင်ပေါ်ဆွဲတင်ပြီး လက်ထိတ်ခတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။ 

အရာရှိတွေက သူ့ရဲ့ မျက်နှာကို သုံးမိနစ်ကြာ ဖိအုပ်ချုပ်နှောင်ထားတဲ့အတွက် သတိမလစ်ခင် အထိ ရုန်းကန်နေခဲ့တယ်လို့ သိရပြီး ဘင်ပီတာဟာ အကြောင်းရင်းများစွာနဲ့ နှလုံးဖောက်ပြီး နောက်သေဆုံးသွားခဲ့တာဖြစ်တယ်လို့ စီရင်ချက်ချခဲ့ကာ အဲဒါဟာ ဗိုက်ပေါ်မှာ ချုပ်နှောင်ခံရတာ ကြောင့် ဖိစီးမှုသာမက အဝလွန်တဲ့အတွက်ကြောင့်လည်း ဖြစ်တယ်လို့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.