မော်လမြိုင် – ဇွန်(၂၁)

မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားက မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စု လမ်းမကြီးပေါ်မှာ မော်တော်ယာဉ်သွားလာမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းအဖွဲ့က စစ်ဆေးချိန်မှာ စစ်တပ် နဲ့ ပတ်သက်ဆက်နွယ်သူ (၄) ဦးဖမ်းဆီးရမိထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၈) ရက်နေ့စတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ကြောင်းတွေနဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) တို့ ပူးပေါင်းကာ နေ့စဉ် လုံခြုံရေးယူ စောင့်ကြည့် စစ်ဆေးနေတာပါ။

အဲဒီလို စောင့်ကြည့် စစ်ဆေးနေချိန်မှာ စစ်ကောင်စီတပ်နဲ့ ဆက်နွယ်သူ (၄) ဦးကိုဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူတို့ကို အရေးယူဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန် စစ်ဆေးရေးပြုလုပ်သွားမှာဖြစ်တဲ့အတွက် ခရီးသွားမိဘပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.