တိုင်ပေ၊ ဇွန်(၂၃) 

တရုတ်Shandong လေယာဉ်တင်သင်္ဘောဟာ စစ်သင်္ဘောအုပ်စုကို ဦးဆောင်ပြီး ထိုင်ဝမ်ရေလက်ကြားကို (ဇွန် ၂၁ ရက်)မှာ ဖြတ်သန်းခဲ့တယ်လို့ ထိုင်ပေကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

မကြာသေးမီကာလများအတွင်း ပေကျင်းဟာ ထိုင်ဝမ်တစ်ဝိုက်မှာ ပင်လယ်နဲ့လေကြောင်းကျုးကျော်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီး သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုနေပါတယ်။

 တရုတ်နဲ့ထိုင်ဝမ် ခွဲထုတ်ထားတဲ့ ရေလမ်းမှတစ်ဆင့် စစ်ရေးသင်္ဘောတွေကို ဒီလိုဖြန့်ကျက်ချထားမှုဖြစ်စဉ်က လည်း ရှားပါးတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။

 “တရုတ်ကွန်မြူနစ် လေယာဉ်တင်သင်္ဘောအုပ်စု ထိုင်ဝမ်ရေလက်ကြား အနောက်ဘက်ခြမ်းကို ဇွန် ၂၁ ရက်နေ့က တောင်ဘက်ကို ဦးတည်ဖြတ်သန်းသွားပါတယ်။ (တိုင်ပေ) စစ်တပ်က ကျွန်တော်တို့ရဲ့ ပိုင်နက် လေကြောင်းနဲ့ ပင်လယ်ပြင်လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး သင့်လျော်သလို တုံ့ပြန်သွားပါမယ်” လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တရုတ်ရေတပ် လေယာဉ်တင်သင်္ဘောနှစ်စင်းအနက် တစ်ခုဖြစ်တဲ့ Shandong ဟာ မေလမှာ ရေလက်ကြားကို နောက်ဆုံးဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး ကျည်ဆန်တွေ သယ်ဆောင်တဲ့ တိုက်လေယာဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

အဲဒီလိုလုပ်ဆောင်မှုဟာ ထိုင်ဝမ်ကျွန်းအပေါ် တရုတ်ရဲ့နယ်မြေပိုင်ဆိုင်မှုကို ပြတ်ပြတ်သားသား ငြင်းဆို ထားတဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝန်နဲ့ လော့စ်အန်ဂျလိစ် အောက်လွှတ်တော်ဥက္ကဋ္ဌ မက်ကေသီတို့ တွေ့ဆုံ မှုအပေါ် တုံ့ပြန်လိုက်တာပါ။ 

အဲဒီဆွေးနွေးပွဲမတိုင်မီကလည်း ဘေဂျင်းအစိုးရက ပြင်းထန်တဲ့ တန်ပြန်အရေးယူမှုတွေ ပြုလုပ်မယ်လို့ သတိ ပေးခဲ့ပါသေးတယ်။ 

ထိုင်ဝမ်တစ်ဝိုက်မှာ တရုတ်စစ်သင်္ဘောတွေနဲ့ ဂျက်တိုက်လေယာဉ်တွေဟာ အမေရိကန်အောက်လွှတ်တော် ဥက္ကဌ လာရောက်ပြီးချိန်မှစပြီး ပိုမိုဝင်ရောက်လာနေတာဖြစ်ပါတယ်။ 

ထိုင်ဝမ်နဲ့ တရုတ်အကြား ပိုင်းခြားထားတဲ့ ရေလက်ကြားအတွင်းသို့ တရုတ်သင်္ဘောတွေ ဝင်ရောက်လာခြင်း ဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ ဖုန်းမခေါ်ဆိုမီ ၂၀၂၂ ခုနှစ် မတ်လတုန်းက လည်း တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးပါသေးတယ်။ 

Ref;CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.