ရွှေဘို – ဇွန်(၂၁)
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် ဆင်အင်းကျေးရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးဘက်က (၄) ဦးဟာ စပါးသယ်ယူ ဖို့ ကင်းပုန်းဝပ်နေချိန် ဆင်အင်းရွာနဲ့ မြင်းစီးရွာကြားမှာ ရွှေဘိုခရိုင် တပ်ရင်း(၄) နဲ့ ဆင်အင်းရွာ (ပ.က.ဖ) တို့ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အတွက် (၄) ဦးလုံးသေဆုံးသွားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၂၀) ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ကာဘိုင်(၃) လက်၊AK-47 (၁) လက်၊ကျည်(၂၉၆) တောင့်၊လက်ပစ်ဗုံး(၃)လုံး၊ ကျည်ဘောက်(၄) ခုနဲ့ ချပ်ဝတ်တန်ဆာ(၄) ခုတို့ သိမ်းဆည်းရမိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က ဖော်ပြထားပါတယ်။
ဓာတ်ပုံ – MOD