မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေ ဖြန့်ဝေနေတဲ့ “စစ်တပ်က ဖမ်းဆီးထားတဲ့ ဆားတောင်ရွာသား(၃၀)ဟာ PDF နဲ့ UGထောက်ပို့တွေ ဖြစ်တယ်“ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကိုBA NYUNT , Han nyein oo စတဲ့တယ်လီဂရမ်အကောင့်ကနေ ဇွန်လ( ၁၃)ရက်နေ့မှာ အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ဇွန်(၁၄)ရက်မှာ စစ်တပ်က သာဇင်ရွာကို စီးနင်းဝင်မွှေ လုယက်ချိန် ရွာထဲကထွက်ပြေးဖို့ ကြိုးစားတဲ့ ပြည်သူတွေထဲက ဒေသခံအမျိုးသား (၃၀)ခန့်ကို စစ်တပ်က PDF နဲ့ UGထောက်ပို့တွေ ဖြစ်တယ်ဆိုပြီး ဓားစာခံအဖြစ် စွပ်စွဲဖမ်းဆီးထားဖြစ်တာကို စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

ဇွန်(၁၃)ရက်က စတင်ပြီး စကစစစ်ကြောင်းတွေက စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ဆားတောင်တိုက်နယ်၊ သာဇင်ရွာက နေအိမ်(၆၀၀)ကျော်ကို မီးရှို့ဖျက်ဆီးပြီး အသက်(၆၀) အရွယ် အဖွားအိုတစ်ဦးကို သတ်ဖြတ်သွားတဲ့အပြင် ဒေသခံအမျိုးသား (၃၀)ခန့်ကိုလည်း စစ်တပ်က PDF နဲ့ UGထောက်ပို့တွေ ဖြစ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးလိုက်တာလို့ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး ထုတ်ပြန်ချက်လင့်

https://shorturl.at/lDEFY

Mandalay_Free_Press_MFP သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/koxV1

BBCသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/ijBLZ

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “စစ်တပ်က ဖမ်းဆီးထားတဲ့ ဆားတောင်ရွာသား(၃၀)က့ PDF နဲ့ UGထောက်ပို့တွေ ဖြစ်တယ်” ဆိုပြီး ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.