ဝက်လက် – ဇွန်(၂၂)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ စာသင်ကျောင်းနဲ့ နေအိမ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) နဲ့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ တို့ပူးပေါင်းပြီး ငွေကြေး နဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မီးရှို့ခံထားရတဲ့ အိမ်ထောင်စု(၈၀) အတွက် တစ်အိမ်ထောင်ကို ငွေကျပ်(၂၅၀၀၀) နှုန်းနဲ့ သိန်း(၂၀) မီးရှို့ခံထားရတဲ့ စာသင်ကျောင်းအတွက် (၁၀) သိန်း စုစုပေါင်း သိန်း(၃၀) ကိုထောက်ပံ့လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – CJ