ဂျကာတာ – ဇွန်(၂၂) 

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို အငြင်း ပွားနေတဲ့ ရေပိုင်နက်နဲ့ ဝေးရာကို ရွှေ့ဆိုင်းလိုက်တယ်လို့ အင်ဒိုနီးရှားစစ်ဘက်ရေးရာက ပြောပါ တယ်။ 

ကနဦးမှာ စစ်ရေးလေ့ကျင့်မှုကို မြောက်ဘက် နာကျူနာ ပင်လယ်မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အဲဒီနေရာဟာ တရုတ်ကို တရုတ်က အထူးစီးပွားရေးဇုံအဖြစ် တောင်းဆိုထားသလို ဘေဂျင်းရဲ့ သင်္ဘောတွေ ရံဖန်ရံခါ ကင်းလှည့်စောင့်ကျပ်မှုတွေ ပြုလုပ်နေတာပါ။ 

အင်ဒိုနီးရှားအစိုးရနဲ့ ထိပ်တိုက်တွေ့ချိန်မှာ တရုတ်က သမိုင်းကြောင်းအရ ပိုင်ဆိုင်တယ်လို့ဆိုကာ 

Nine Dash Line ကို ကိုးကားပြောဆိုထားသလို အင်ဒိုနီးရှား၊ဗီယက်နမ်၊ဖိလစ်ပိုင်နဲ့ မလေးရှား နိုင်ငံတွေနဲ့ တောင်တရုတ်ပင်လယ်ရေပိုင်နက် ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာဖြစ်ပါ တယ်။ 

ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပို ရှောင်ရှားကာ တောင် ဘက် နာကျူနာ ပင်လယ်မှာ လာမယ့် စက်တင်ဘာလ(၁၈) ရက်ကနေ (၂၅) ရက်နေအထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

အာဆီယံဟာ အရင်က အမေရိကန်၊တရုတ်နိုင်ငံတွေနဲ့အတူ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အစုအဖွဲ့အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေကိုတော့ မပြုလုပ်ခဲ့ဖူးဘူးလို့ သိရပါ တယ်။ 

ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ဆုံးဖြတ်ချက်ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့ တခြားသော အာဆီယံ မိတ်ဖက်တွေရဲ့ ညီလာခံမှာ ချမှတ်ခဲ့တာဖြစ်တယ်လို့ အင်ဒိုစစ်ဘက်ဆိုင်ရာ ပြောခွင့်ရက ဆိုပါ တယ်။ 

စစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့ ကြေညာပြီးနောက် တရုတ်ဦးဆောင်တဲ့ ဒေသတွင်း မိတ်ဖက် နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ စစ်ရေးလေ့ကျင့်မှာမှာ ပါဝင်ဖို့ ငြင်းဆန်ထားပါ တယ်။ 

ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ ထုတ်ပြန်ချက်အရ စစ်ရေးအခမ်းအနားကို အာဆီယံ(၁၀) နိုင်ငံက စစ်ရေးခေါင်းဆောင်တွေ တက်ရောက်ဖို့ရှိတယ်လို့ ဆိုထားပါတယ်။ 

အာဆီယံဒေသတွင်းစစ်ရေးလေ့ကျင့်မှာမှာတော့ ရေကြောင်းလုံခြုံရေးနဲ့ ကယ်ဆယ်ရေး ကိစ္စရပ် တွေကိုသာ အဓိကထားပြုလုပ်သွားမှာဖြစ်ပြီး သီးခြားစစ်ဆင်ရေး ကိစ္စရပ်တွေပါဝင်မှာ မဟုတ် ဘူးလို့ အင်ဒိုနီးရှား စစ်ရေးအကြီးအကဲ ယူဒိုမာဂိုနိုက ပြောပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.