FILE PHOTO: Soldiers stand next to military vehicles as people gather to protest against the military coup, in Yangon, Myanmar, February 15, 2021. REUTERS/Stringer/File Photo

ဝါရှင်တန် – ဇွန်(၂၂) 

မြန်မာအာဏာသိမ်းစစ်ကောင်စီကို ငွေကြေးဖြတ်တောက်ရေး နိုင်ငံပိုင်ဘဏ်တွေကို ဒီသီတင်း ပတ်အတွင်း ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ အမေရိကန်အစိုးရဘက်က စီစဉ်နေတယ်လို့ ရိုက်တာ မှာ ဖော်ပြထားပါတယ်။

ဝါရှင်တန်က မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေကို ပိတ်ဆို့အရေးယူမှုအသစ်တွေချမှတ်ဖို့ရှိနေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားတာပြီး နီးစပ်သူနှစ်ဦးကလည်း ရိုက်တာကို အတည်ပြုထားတာပါ။ 

ထိုင်းနိုင်ငံအခြေစိုက် အမေရိကန်သံရုံးနဲ့ ထုတ်ပြန်ချက်မှာ အမေရိကန်ပြည်ထောင်စုဟာ စစ်ကောင်စီထံ ဝင်ငွေတွေ ပိတ်ဆို့ဖို့ ကြိုးပမ်းမှုတွေအပါအဝင် စစ်အာဏာသိမ်းမှုနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံမှုမြှင်တင်ဖို့ နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ ဖော်ပြထား ပါတယ်။ 

“ဤသတ်မှတ်ချက်များရှိ ကျွန်ုပ်တို့၏ ရည်မှန်းချက်တွေဟာ စစ်အစိုးရ၏ ဒေါ်လာ များသုံးစွဲ ခွင့်ကို ကန့်သတ်ရန်နှင့် ကြောက်မက်ဖွယ်အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေတာ ကြောင့် စစ်အစိုးရအတွက် တာဝန်ခံမှု မြှင့်တင်ရန် ဖြစ်တယ်” လို့ ဆိုထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး အတိုက်အခံ ထောင်ပေါင်းများစွာ သတ်ဖြတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှုတွေချမှတ်နေတာဖြစ်ပါတယ်။ 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံဟာ အရင်ထဲက ပိတ်ဆို့အရေး ယူမှုတွေ ကြုံတွေ့ဖူးပြီး နိုင်ငံပိုင်ဘဏ်တွေအပေါ်မှာလည်း ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ် ရင်လည်း အရှုံးနဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ နိုင်ငံပိုင်မီဒီယာကို ပြောခဲ့ပါတယ်။ 

“ဒီလိုကိစ္စတွေက ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေချိန်မှာ မလိုလားအပ်တဲ့နှောင့်နှေး မှုတွေ ဖြစ်စေပါတယ်” လို့ သူကဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုက စီးပွားရေးနဲ့ နိုင်ငံရေးမှာ အခက်အခဲဖြစ်စေဖို့ ဒါကိုလုပ်ဆောင်နေတာဖြစ်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ 

ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် မြန်မာပြည်တွင်းဘဏ်တွေနဲ့ ချိတ်ဆက်မှုရှိတဲ့ ထိုင်းနဲ့ ဒေသတွင်း က တခြားနိုင်ငံတွေရဲ့ ငွေကြေးအပေါ်မှာလည်း သက်ရောက်မှုတွေရှိနိုင်တယ်လို့ ထိုင်းသတင်း ရင်းမြစ်တွေကို ကိုးကားပြီး Bangkok Business News ကဖော်ပြထားပါတယ်။ 

ထိုင်းဒါမှမဟုတ် တခြားနိုင်ငံတွေအပေါ် မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကျိုးသက်ရောက်မှုတွေကို လျော့ပါးစေဖို့အပါအဝင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရနဲ့ ပုံမှန်ပြောဆိုမှုတွေရှိခဲ့တယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။ 

စစ်တပ်အသွင်ပြောင်းတွေ ဦးဆောင်နေတဲ့ ထိုင်းအစိုးရဟာ အာဆီယံနိုင်ငံတွေရဲ့ ထိပ်တန်း သံတမန်တွေ လက်ရှောင်နေချိန်မှာတော့ ပဋိပက္ခတွေနဲ့ ပြိုကျနေတဲ့ နိုင်ငံနဲ့ သူ့ရဲ့ နယ်နိမိတ် ကိုကာကွယ်ဖို့ ဆွေးနွေးပြောဆိုတာတွေလုပ်ဖို့ လိုအပ်တယ်ဆိုပြီး မြန်မာစစ်ကောင်စီနဲ့ ပြန်လည် ထိတွေ့ဆက်ဆံဖို့ အငြင်းပွားဖွယ်ဆွေးနွေးပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ (၂) နှစ်က စစ်ကောင်စီနဲ့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ဗဟိုပြုတဲ့ မြန်မာနိုင်ငံ အကျပ်အတည်းအတွက် အာဆီယံရဲ့ ချဉ်းကပ်မှုကို ပတ္တရားရဲ့ တွေ့ဆုံမှုဟာ ပျက်ပြားစေခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ထိုင်းနိုင်ငံကို ကာကွယ်ဖို့အတွက် တိုက်ရိုက်ဆွေးနွေးမှုတွေလိုအပ်ကြောင်း ပြောခဲ့တယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.