ဝါရှင်တန်ဒီစီ – ဇွန်(၂၀)
အမေရိကန်ပြည်ထောင်စု၊ဝါရှင်တန်ဒီစီ မြို့တော်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အမေရိကန်ရောက် မြန်မာပြည်သူတွေ ရဲ့ လူထုတွေ့ဆုံပွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက် မွေးနေ့ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၁၇) ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားကို ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်နဲ့ ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲတက်ရောက်လာတဲ့ ပြည်သူတွေက NUG ဝန်ကြီးတွေကို သိလိုတာတွေ မေးမြန်းခဲ့ကြသလို တော်လှန်ရေးရန်ပုံငွေ လှူဒါန်းမှုတွေလည်း ပြုလုပ်ပေးခဲ့ကြတယ်လို့ ဆက်သွယ်ရေး၊သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Anti Dictatorship in Burma – DC Metro Area