တော်လှန်ရေးအင်အားစု အဖွဲ့ပေါင်း ၂၆ ဖွဲ့နဲ့ စုဖွဲ့စည်းထားတဲ့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ကို ပြောက်ကျားစနစ် ကနေ ထိုးစစ်အသွင်ထိ တိုက်ခိုက်လာနိုင်ပါတယ်။ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အား စုတွေရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် သထုံခရိုင်အတွင်းရှိ ခရိုင်ချင်းဆက်လမ်းတွေနဲ့ ကျေးရွာချင်းဆက်လမ်းပိုင်း ၅ ခုထက်မနည်း ဖျက်ဆီးထားပါတယ်။

ဒါကြောင့် သထုံခရိုင်အတွင်း စစ်ရေးအခြေအနေ၊ စစ်ကောင်စီရဲ့ ခံစစ်ပြင်ဆင်မှု အပါအဝင် နွေဦးတော်လှန် ရေး ဘယ်လောက်အထိ ခရီးပေါက်လာပြီးလဲ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ သထုံခရိုင်အတွင်း နှစ်ဖက်စစ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတို့က အခုချိန်မှာတော့ မရှိသလောက်ပဲ။ သူတို့တွေက စစ်ကြောင်း မထိုးနိုင်တော့ အဝေးကနေပြီးတော့ လက်နက်ကြီးတွေနဲ့ အမြှောက်တွေနဲ့ ရမ်းကားပြီးတော့ ပစ်တဲ့ဟာက ပုံမှန်လိုဖြစ်နေတယ်။ ရွာထဲကိုပစ်တာလည်း အမြဲတမ်းလိုပစ်နေတယ်။

-ဒီနောက်ပိုင်း သထုံခရိုင်ထဲမှာ လေကြောင်းတိုက်ခိုက်တာနဲ့ ကင်းထောက်မှုတွေ စစ်ကောင်စီဘက်က ဘယ်လိုပုံစံတွေနဲ့ ဆက်လုပ်နေတာတွေ ရှိနေလဲ။

အခုလောလောဆယ်တော့ တိုက်ပွဲအကြီးအကျယ်မဖြစ်သေးဘူး။ လေကြောင်းတွေနဲ့ ကျွန်တော်တို့ဆီမှာ သူတို့လာပြီးတော့ လေကြောင်းနဲ့တိုက်ခိုက်တာတို့ ဘာတို့တော့ မရှိဘူးလို့ ပြောလို့ရတာပေါ့။ လေကြောင်းနဲ့ ထောက်လှမ်းနေတာတော့ သူတို့အမြဲတမ်းပဲ သွားလာတာနေတာ ကျွန်တော်တို့ တွေ့နေရတယ်။

-တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ကောင်စီကို ဘယ်လောက်အထိ ထိုးစစ်ဆင်နိုင်ပြီးလဲ။

ကျွန်တော်တို့ဘက်ကတော့ ထိုးစစ် ဒါမှမဟုတ် ခုခံစစ်ပေါ့။ အဲဒီလိုမျိုး ပုံမှန်လိုဖြစ်နေတယ်။ ထိုးစစ်ကြီးကြီးမား မားကတော့ ဒါကတော့ တစ်ခါတလေဖြစ်လာနိုင်တဲ့ အခြေအနေကတော့ စစ်ရေးအရတော့ အတိတကျပြောလို့ မရဘူးပေါ့။  ပုံမှန်အနေနဲ့ကတော့ ပြောက်ကျားစနစ်တို့ ဗုံးနဲ့ဗုံးကြဲတာတို့ ဒီမှာတော့ လုပ်တာတော့ နေ့စဉ်နဲ့ အမျှ အမြဲတမ်းလိုပဲ။ တခါတလေ တစ်ရက် နှစ်ရက်ခြား၊ နှစ်ရက်သုံးရက်ခြား ဖြစ်နေတာ။

-စစ်ကောင်စီတပ်ဟာ ဒီနောက်ပိုင်း သထုံခရိုင်ထဲက အများပြည်သူလမ်းပိုင်းတွေကို ဖျက်ဆီးတာတွေ လုပ်ဆောင်လာတာပေါ့။ ဒါက သူတို့ခံစစ်အတွက် ပြင်တာလား၊ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

အရင်တုန်းကဆို တပ်မဟာ(၁)သထုံခရိုင်ဘက်မှာဆို အမြဲတမ်းစစ်ကြောင်းတွေ ထိုးပြီးတော့ အင်နဲ့အားနဲ့ပေါ့။ လုပ်နေတာတော့ ကြုံခဲ့ရတယ်။ ဒါပေမယ့် အခုလောလောဆယ်အချိန်မှာတော့ သူတို့စတင်ပြီးတော့ စစ် ကြောင်းမထိုးဘဲ ဒီလိုပဲ ခံစစ်အနေနဲ့ သူတို့လုပ်နေတာက ဒီလိုနေရာကို စစ်ကြောင်းမထိုးတော့ဘူးရယ်လို့ သူတို့ အင်အားမရှိတော့ဘူးလို့ ကျွန်တော်တို့ အတိအကျပြောလို့တော့ မရဘူးပေါ့။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ အခုချိန်မှာ သူ့အနေနဲ့က နိုင်ငံတစ်ခုလုံးရဲ့ ပတ်ပတ်လည်မှာ ကျွန်တော်တို့ တော်လှန်ရေးအင်အား စုတွေ အားလုံးပေါ့နော်။ တော်လှန်ရေးရဲဘော်တွေ အားလုံးကနေပြီးတော့ နေရာအနှံ့မှာပြန့်ကြဲပြီးတော့ ဥပမာ-ပဲခူးတိုင်းတို့ဘာတို့ပေါ့။ ပဲခူးတိုင်းတို့၊ စစ်ကိုင်းတိုင်းတို့၊ မကွေးတိုင်းတို့၊ ကချင်ပြည်နယ်တို့၊ ကယားပြည်နယ် တို့ဘက်မှာ သူတို့တွေ အဲဒီမှာ လူများတဲ့အခါကျတော့ သူတို့တွေပိုပြီးအာရုံစိုက်ပြီး အဲဒီဘက်မှာ အင်အားတွေ ထပ်ဖြည့်တာရှိတယ်။

စစ်ကိုင်းတိုင်းတို့၊ မကွေးတိုင်းတို့ဘက်မှာ စစ်ဆင်ရေးပိုလုပ်တာက ကျွန်တော်ထင်တာတော့ ဒါက စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ဖြစ်မယ်။ ဒါက အတိအကျတော့ ပြောလို့မရဘူး။ တရုတ်ပြည်ကနေ ရခိုင်ဘက်ကို ဖြတ်မယ့် ဓာတ်ငွေ့ပိုက်လိုင်းကိုလုပ်ဖို့ အကြီးအကျယ် သူတို့တွေ အားစိုက်တယ်။ ဆိုတော့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း တို့ကို သူတို့တွေထိုးစစ်ဆင်တာကလည်း အဲဒီအပိုင်းတွေ အရမ်းပါမယ်။

နွေဦးတော်လှန်ရေးမျိုးဆက်သစ်တွေကလည်း နယ်မြေစိုးမိုးရေးအတွက်ကို သူတို့တွေ ထိုးစစ်ဆင်တာ အမြဲ တမ်းပဲလုပ်နေတာ သူတို့အင်အားကို အဲဒီဘက်ကို ပြန်ဖြည့်ရမယ့် အနေအထားမှာ အတော်လေးလုပ်နေရတဲ့ အတွက်ကြောင့် တပ်မဟာ(၁)ခရိုင်မှာ လောလောဆယ်မှာ ဒီနေရာကို ထိုးစစ်ဆင်မှာကတော့ အင်အားပြန် ကြည့်မယ်ဆိုရင် သိပ်ပြီးတော့ အင်အားကထိုးစစ်ဆင်တဲ့အနေအထားမှာ မရှိတဲ့ အဲဒီလိုမျိုးတွေ ဖြစ်တယ်ပေါ့။

-နောက်ဆုံးအနေနဲ့ နွေဦးတော်လှန်ရေး ဘယ်လောက်အထိ ခရီးပေါက်လာပြီးလဲ။ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

တော်လှန်ရေးအတွေ့အကြုံအရ ကျွန်တော်တို့ ပြောရမယ်ဆိုရင် တော်လှန်ရေးက အဆုံးဖြတ်မထွက်လာသေး ဘူးဆိုတာက ၆လ၊ တစ်နှစ်ဆိုတာတော့ ကျွန်တော်တို့ လုပ်နေတဲ့သူတွေအပေါ် မူတည်တယ်။ ကျွန်တော်တို့ ဒီမှာဘယ်လောက်တောင်လုပ်နိုင်သလဲပေါ့။ လက်နက်ခဲယမ်းမီးကျောက်က ဘယ်လောက်တပ်ဆင်နိုင်မလဲ။ လူအင်အားကရှိပေမယ့် လက်နက်အင်အားက မရှိဘူးဆိုရင်လည်း လုပ်လို့မရဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ၆လအတွင်းမှာတော့ လုပ်နိုင်သလောက်ကတော့ ကျွန်တော်တို့က ဘက်ပေါင်းစုံကနေ ကြိုးစားပြီး လုပ်နေကြ တာပဲ။ အဆုံးအဖြတ်ပေးမယ့်ဟာကတော့ စစ်ပွဲဆိုတာက လက်နက်အင်အားကတော့ ကျွန်တော်တို့ ကြိုးစား ပြီးတော့ လုပ်နေကြတာပဲ။ ဒါပေမယ့် အဆုံးအဖြတ်ပေးမလား။ အောင်ပွဲခံမလားဆိုတာတော့ တော်လှန်ရေးဆို တာ ယတိပြတ်၆လအတွင်း ဆိုတာတော့ သေချာတော့ ပြောလို့မရဘူးပေါ့။ ဒီတော်လှန်ရေးစစ်ပွဲဆိုတာက ရေ ရှည်တိုက်ရမှာဆိုတော့ ကျွန်တော်တို့ စိတ်ဓာတ်မကျဖို့ပေါ့။ ကြံ့ခိုင်မှုရှိဖို့ စိတ်ဓာတ်မကျဖို့ ကျွန်တော်တို့ အမြဲတမ်း စိတ်ဓာတ်က ရှင်သန်နေမယ်ဆိုရင် ၆လအတွင်းမဟုတ်ရင် ၁နှစ်၊ ၂နှစ်အတွင်း အောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ၆လအတွင်းမှာပဲ အဆုံးအဖြတ်ပေးမယ်ဆိုတာက ခုနကျွန်တော်ပြောသလို လက်နက်ခဲယမ်းက အဓိကကျတယ်။ 

ရန်သူကအင်အားကြီးတယ်ဆိုတော့ ရန်သူကဖွဲ့စည်းတည်ဆောက်ထားတာ နှစ်ပေါင်းကြာပြီ။ သူတို့မှာ လက် နက်အင်အားတွေ ပြည့်စုံတယ်။ နောက်လေယာဉ်တို့ဘာတို့ ကျွန်တော်တို့နဲ့ ယှဉ်မယ်ဆို သူတို့ဘက်က ပိုပြီး သာတာပေါ့။ လေယာဉ်အင်အားရှိတယ်။ ကျွန်တော်တို့က အဲဒါက အဓိကလေယာဉ်ပဲ။ လေယာဉ်ကို ကျွန် တော်တို့ဘက်က ပြန်ပြီးတော့ တွန်းလှန်ဖို့အတွက် အဲဒီလက်နက်တွေရရင်တော့ ခုနပြောတဲ့ ၆လအတွင်းမှာ စစ်ပွဲကအဆုံးသတ်ပေးလို့တော့ ရနိုင်တယ်လို့ပဲ အဲဒီလိုယုံကြည်တာပေါ့နော်။ အဲဒီလိုပဲခံစားမိတယ်။ အခုချိန် မှာတော့ လက်နက်အင်အားတွေက မမျှတော့ အဆုံးဖြတ်ပေးမယ်အတိအကျတော့ ပြောလို့မရဘူးပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.