ဝါရှင်တန်- ဇွန်(၂၁) 

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးနဲ့ မတူကွဲပြားမှုတွေကို တိုးမြှင့်ဖို့ အမေရိကန်ပြည်ထောင်စုကို (၄) ရက်ကြာအလည်အပတ်ခရီးစတင်ထွက်ခွာသွား ပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။ 

အမေရိကန်သမ္မတရဲ့ ဖိတ်ခေါ်မှုနဲ့ မိုဒီဟာ သူ့ရဲ့ နိုင်ငံတော်ခရီးစဉ်ကိုစတင်ခဲ့တာဖြစ်ပြီး  ၂၀၁၄ ခုနှစ်က ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း (၆) ကြိမ်မြောက် သွားရောက်လည်ပတ်တာဖြစ်တယ် လို့ ဖော်ပြထားတာပါ။ 

“၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အမေရိကန်ကို နောက်ဆုံး တရားဝင်လာရောက်လည်ပတ်ပြီး ကတည်းက သမ္မတဘိုင်ဒင်နဲ့ ကျွန်တော်ဟာ အကြိမ်ပေါင်းများစွာ တွေ့ဆုံခွင့်ရခဲ့ပါတယ်၊ ဒီခရီး စဉ်ဟာ ကျွန်တော်တို့ရဲ့ မိတ်ဖက်ဆက်ဆံမှုရဲ့ နက်နဲမှုနဲ့ မတူကွဲပြားမှုတွေကို တိုးပွားစေမယ့် အခွင့်အလမ်းတစ်ခုပါ” လို့ ခရီးစဉ်မစတင်မီ ဝန်ကြီးချုပ် မိုဒီက ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ လကလည်း သမ္မတဘိုင်ဒင်နဲ့ ဝန်ကြီးချုပ်မိုဒီတို့ဟာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ G-7 ထိပ်သီး အစည်းအဝေးမှာ တွေ့ဆုံခဲ့ကြပါသေးတယ်။ 

“ကျွန်ုပ်ရဲ့ အမေရိကန်ခရီးစဉ်ဟာ ဒီမိုကရေစီ၊ မတူကွဲပြားမှုတွေနဲ့ လွတ်လပ်မှုရဲ့ မျှဝေထား တဲ့တန်ဖိုးတွေအပေါ် အခြေခံပြီး ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို အားဖြည့်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင်လည်း ကျွန်ုပ်တို့ အတူတကွ ခိုင်ခိုင်မာမာရပ်တည်နေပါတယ်” လို့ သူက ဆိုခဲ့တာပါ။ 

နယူးဒေလီနဲ့ ဝါရှင်တန်ဒီစီတို့ဟာ ခိုင်မာတဲ့ မဟာဗျူဟာ ကာကွယ်ရေးနဲ့ သံတမန်ဆက်ဆံရေး ကို အတူတကွ မျှဝေကြပြီး ဒီခရီးစဉ်ဟာ သူတို့ရဲ့ ပူးပေါင်းမှုကို နက်ရှိုင်းစေမှာဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ 

“အိန္ဒိယ-အမေရိကန် ဆက်ဆံရေးဟာ ကဏ္ဍပေါင်းစုံမှာ နက်ရှိုင်းစွာ ထိတွေ့ဆက်ဆံမှုတွေနဲ့အတူ ဘက်ပေါင်းစုံက ဆက်ဆံနေပါတယ်။ အမေရိကန်ဟာ ကုန်စည်နှင့် ဝန်ဆောင်မှုတွေမှာ အိန္ဒိယ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး သိပ္ပံနဲ့နည်းပညာ၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးနယ်ပယ်တွေမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ မိုဒီက ပြောပါတယ်။ 

ဝန်ကြီးချုပ်မိုဒီကို သမ္မတဘိုင်ဒင်၊ အိန္ဒိယနဲ့ အမေရိကန်အရာရှိတွေနဲ့ မတွေ့ဆုံမီ အိမ်ဖြူတော်မှာ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုဧည့်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် မစ္စတာမိုဒီဟာ ကွန်ဂရက်လွှတ်တော် ခေါင်းဆောင်တွေရဲ့ ဖိတ်ကြားချက်အရ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောမှာဖြစ်ပြီး နောက်ပိုင်းမှာ သမ္မတဘိုင်ဒင်နဲ့ သမ္မတ ကတော်တို့က ဧည့်ခံတဲ့ နိုင်ငံတော် ညစာစားပွဲကို တက်ရောက်မှာဖြစ်တယ်လို့ သိရပါ တယ်။ 

“အမေရိကန် ကွန်ဂရက်က အိန္ဒိယ-အမေရိကန် ဆက်ဆံရေးအတွက် အားကောင်းတဲ့ နှစ်ပါတီ ထောက်ပံမှုတွေ အမြဲ ပေးနေပါတယ်၊ ကျွန်တော့် ခရီးစဉ် အတွင်း အမေရိကန်ကွန်ဂရက်လွှတ် တော် ပူးတွဲအစည်းအဝေးကိုလည်း မိန့်ခွန်း ပြောကြားမယ်” လို့ မစ္စတာ မိုဒီက ပြောခဲ့ပါတယ်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ ဖိတ်ကြားမှုနဲ့လည်း တွေ့ဆုံမှာဖြစ်သလို ရွေးချယ်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ် တယ်လို့ သိရပါတယ်။ 

ခရီးစဉ်အတွင်း ဝါရှင်တန်ဒီစီက Ronald Reagan အဆောက်အဦးနဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟို ဌာန မှာလည်း အိန္ဒိယနွယ်ဖွားတွေအပြင် အိန္ဒိယနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

Ref: The National News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.