June 20, 2023

နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ ဝန်ကြီးချုပ်မိုဒီ အမေရိကန်ကို ထွက်ခွာ

ဝါရှင်တန်- ဇွန်(၂၁) အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးနဲ့ မတူကွဲပြားမှုတွေကို တိုးမြှင့်ဖို့ အမေရိကန်ပြည်ထောင်စုကို (၄) ရက်ကြာအလည်အပတ်ခရီးစတင်ထွက်ခွာသွား ပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။ အမေရိကန်သမ္မတရဲ့ ဖိတ်ခေါ်မှုနဲ့ မိုဒီဟာ သူ့ရဲ့ နိုင်ငံတော်ခရီးစဉ်ကိုစတင်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်က ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း (၆) ကြိမ်မြောက် သွားရောက်လည်ပတ်တာဖြစ်တယ် လို့ ဖော်ပြထားတာပါ။ “၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အမေရိကန်ကို…

အင်ဒိုနီးရှား ဆရာဝန်တစ်ယောက် စွန့်ပစ် ပလတ်စတစ်ဘူးတွေကို အဖိုးအခအဖြစ် လက်ခံပြီး ဆေးကုသ ပေးနေ

ဂျကာတာ ၊ ဇွန်(၂၀) အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ ဆရာဝန်တစ်ယောက်က စွန့်ပစ်ပလတ်စတစ်ဘူးတွေကို အဖိုးအ ခအဖြစ်လက်ခံပြီး ဆေးကုသပေးနေပြီး လူတိုင်းဆေးကုသမှုခံယူနိုင်အောင် ကူညီပေးနေပါတယ်။ မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ စီယန်ဂျာမြို့ အပြင်ဖက်လေးမှာရှိတဲ့ ဟာရာပန်ဆီဟတ်ဆေးခန်းဟာ ဆေးကုသမှု ခံယူချင်သူတွေအတွက် ဆေးဝါးတွေပေးသလို ဆေးလည်းကုသပေးနေပါတယ်။ ဒီလိုစီမံပေးမှုအတွက် လူနာ တစ်ယောက်စာ ကျသင့်ငွေအတွက် ပလတ်စတစ်ဘူး၁၀ဘူးစီ လက်ခံယူနေခဲ့တာဟာ ၂၀၀၉ခုနှစ် ကတည်းက ဖြစ်ပါတယ်။ ကမ္ဘာမြေကို…

အိန္ဒိယမြောက်ပိုင်းက ဒေသတချို့မှာ အပူလှိုင်းရိုက်ခတ်မှုကြောင့် လူသေဆုံးမှုစံချိန်တင်နေ

နယူးဒေလီ – ဇွန်(၂၁) အိန္ဒိယနိုင်ငံမြောက်ပိုင်း အူထရာပရာဒေ့ရှ် ခရိုင်တစ်ခုမှာ အနည်းဆုံးလူ (၄၅) ဦးသေဆုံးခဲ့ တယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပြီး ဒေသတွင်း အပူလှိုင်းကြောင့် သေဆုံးခဲ့ တာဟုတ်/ဟုတ်မဟုတ်ကို အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။ အဲဒီပြည်နယ်နဲ့ ထိစပ်နေတဲ့ နောက်ထပ်ပြည်နယ်တစ်ခုဖြစ်တဲ့ ဘီဟာမှာလည်း လူ(၄၅) ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက…

PDF အရာရှိ သင်တန်းဆင်းပွဲကို NUG ယာယီသမ္မတ ဒူဝါလရှီးလ တက်ရောက်

မော်လမြိုင် – ဇွန်(၂၀) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အရာရှိ သင်တန်းဆင်းပွဲကို ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီသင်တန်းကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သင်တန်းသားတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဓာတ်ပုံ – NUG

NUG ဝန်ကြီးတွေ အမေရိကန်ရောက်မြန်မာတွေနဲ့ လူထုတွေ့ဆုံပွဲ ပြုလုပ်

ဝါရှင်တန်ဒီစီ – ဇွန်(၂၀) အမေရိကန်ပြည်ထောင်စု၊ဝါရှင်တန်ဒီစီ မြို့တော်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အမေရိကန်ရောက် မြန်မာပြည်သူတွေ ရဲ့ လူထုတွေ့ဆုံပွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက် မွေးနေ့ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၇) ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားကို ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်နဲ့ ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲတက်ရောက်လာတဲ့ ပြည်သူတွေက…

တပွင်ရွာ ရဲစခန်းကို PDF သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့

စေတုတ္တရာ – ဇွန်(၂၀) မကွေးတိုင်း၊စေတုတ္တရာမြို့နယ် တပွင်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သလို ပျူစောထီး(၂) ဦးကိုလည်း လက်ရဖမ်းဆီးနိုင်တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၅) ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ ခ.လ.ရ-၂၅၃၊၂၅၄၊၂၅၅ နဲ့ က.ပ.စ-၂၀ တို့ရဲ့ အင်အား(၄၀) နဲ့ တပ်စွဲထားတဲ့…

“ဒီစစ်အာဏာရှင်စနစ်ဆိုးမှာ ပြည်သူနဲ့ အလုပ်သမားတွေ ဘဝပြောင်းလဲဖို့ လုပ်ပေးနိုင်တာ ဘာကိုမှမရှိပါဘူး”

မြန်မာနိုင်ငံမှာ အလုပ်သမားတွေဟာ စစ်တပ်အာဏာသိမ်းယူပြီးချိန်ကစပြီး ဒီကနေ့အထိ ရွှေနဲ့ဒေါ်လာဈေး တွေ အဆမတန်မြင့်တက်လာမှုနဲ့အတူ အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အလူးအလဲခံစားနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေဟာ လက်ရှိအချိန်အထိ တစ်ရက်အနည်းဆုံး လုပ်ခလစာဖြစ်တဲ့ ကျပ် ၄၈၀၀ ကနေ ထပ်တိုးမရသေးလို အာဏာသိမ်းကာလအတွင်း တရိပ်ရိပ်တက်လာနေတဲ့ ကုန်ဈေးနှုန်းနဲ့ တိုးမလာတဲ့ အနည်းဆုံးလုပ်ခလစာကြားမှာ ရပ်တည်ဖို့ မနည်းရုန်းကန်နေတာပါ။ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့…