စစ်ကိုင်း – ဇွန်(၁၉)

အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းအတွင်းမှာ Federal Wings ဒရုန်းတပ်ဖွဲ့က တိုက်ပွဲတွေ စတင်ဖော်ဆောင်နေပြီဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းခရိုင် စစ်ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ ကွပ်ကဲမှုခံယူပြီး တပ်ရင်းအမှတ်(၁၈၀၁) က Federal Wings ဒရုန်းတွေနဲ့ စတင်တိုက်ပွဲဖော်ဆောင်နေတာပါ။

စစ်ကိုင်းမြို့၊ မန္တလေး-မုံရွာ ကားလမ်းမကြီးဘေးက ညောင်ပင်ဝန်းရဲစခန်းကို ပြီးခဲ့တဲ့ ဇွန်လ(၁၈) ရက်နေ့နဲ့ ဇွန်လ(၁၉) ရက်နေ့တွေမှာ ဒရုန်းနဲ့ဗုံးသီးတွေချပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေကိုတော့ အသေးစိတ်မသိရသေး ဘဲ စုံစမ်းနေတဲ့အခြေအနေမှာဘဲ ရှိနေပါသေးတယ်။

ညောင်ပင်ဝန်း ရဲစခန်းကို တိုက်ခိုက်မှုဟာ စစ်ကိုင်းတိုင်းအတွင်း Federal Wings ဒရုန်းတပ်ဖွဲ့ရဲ့ ပထမဆုံး အကြိမ်တိုက်ခိုက်မှုဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Federal Wings

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.