ဘန်ကောက်၊ ဇွန်(၂၀) 

အာဆီယံရဲ့ အဓိကအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေများနေတာကြောင့် ထိုင်းအစိုးရ ကမကထ ပြုလုပ်တဲ့ မြန်မာစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပွဲဟာ သတ်မှတ်ထားတဲ့နေ့ထက် တစ်ရက် နောက်ကျပြီးမှ တွေ့ဆုံနိုင်ခဲ့ပါတယ်။

 အာဆီယံအနေနဲ့ မြန်မာစစ်အစိုးရကို အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ထားချိန်မှာ ဘန်ကောက် အစိုးရ ဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ပြန်လည်သင့်မြတ်ဖို့အတွက် တွန်အားပေးလုပ်ဆောင်လာခဲ့တာပါ။ 

စစ်အာဏာသိမ်းမှုမှတဆင့် အာဏာရလာတဲ့ ထိုင်းဝန်ကြီးချုပ်ဟာ လွန်ခဲ့တဲ့၄ ရက်အတွင်း အာဆီယံနိုင်ငံ ခြား ရေးဝန်ကြီးတွေကို ပုံမှန်မဟုတ်တဲ့ အစည်းအဝေးတစ်ခုအတွက် ဖိတ်စာကမ်းခဲ့ပါတယ်။

 “အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် ခေါင်းဆောင်တွေကြား အပြည့်အဝ ပြန်လည်စေ့စပ်ပေးဖို့ အချိန်တန်နေပြီ”လို့ ဖိတ်စာကမ်းလှမ်းချက်မှာ ထည့်သွင်းပြောကြားထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင်ဖိတ်စာကမ်းလှမ်းချက်ပါ အချက်တချို့ဟာ အစောပိုင်းအာဆီယံ ထိပ်သီးအစည်းအဝေးအချက်အလက် တွေကို ကိုးကားထားတာလည်း ဖြစ်ပါတယ်။ 

သတင်းရင်းမြစ်နှစ်ဦးကတော့ ဒီအစည်းအဝေးကို မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ တက် ရောက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

 “အခုအချိန်ဟာ ပြောင်းလဲမှုများစွာဖြစ်ပေါ်နေသလို တိုက်ခိုက်မှုတွေလည်း မြင့်တက်လာနေပါပြီ။ မြန်မာက ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ လမ်းကြောင်းကို ဦးတည်နေတဲ့အတွက် ကျွန်တော်တို့ဟာ မြန်မာနဲ့ အပြန်အ လှန်ထိတွေ့ ဆက်ဆံတာမျိုးတွေလုပ်ဖို့ လိုပါတယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါသေးတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.