ဆားလင်းကြီး – ဇွန်(၁၄)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ကျေးရွာအနီးက သိမ်တော်ရပ်ကွက်ကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပတ်ဝန်းကျင်ကျေးရွာတွေကို ၄၀(မမ)၊၆၀(မမ) တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီနေ့ ဇွန်လ(၁၄) ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် နှင်းတောရွာသား တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာက ပြည်သူ(၈) ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အောင်ခန့်ဇော်