နယူးဒေလီ – ဇွန်(၁၆) 

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကို အာရေဗျပင်လယ်မှ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာမယ်လို့ ခန့်မှန်း ထားတဲ့ ဆိုင်ကလုန်း မုန်တိုင်း ဘီပါဂျွိုင်း လမ်းကြောင်းမှာရှိတဲ့ ကမ်းရိုးတန်းဒေသတွေက လူ(၁) သိန်း (၅) သောင်းကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြော ပါတယ်။ 

ဘင်္ဂါလီဘာသာစကားနဲ့ ဘေးအန္တရာယ် လို့ အဓိပ္ပာယ်ရတဲ့ ဆိုင်ကလုန်း ဘီပါဂျွိုင်ဟာ အိန္ဒိယ နိုင်ငံ အနောက် ဂူဂျာရတ်ပြည်နယ်ရှိ ဂျက်ဟူဆိပ်ကမ်းမှ ကီလိုမှတာ (၁၄၀) နဲ့ ပါကစ္စတန် တောင်ပိုင်း ကရာချီဆိပ်ကမ်းမှ ကီလိုမီတာ (၂၃၀) အကွာကို ဗဟိုပြုခဲ့တာလို့ မိုးလေဝသ တာဝန် ရှိသူတွေက ဆိုပါတယ်။ 

“ညနေ ၈ နာရီ သို့မဟုတ် ၈း၃၀ မိနစ်လောက်မှာ ဆိုင်ကလုန်းမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ အိန္ဒိယမိုးလေဝသဌာန (IMD) မှ ဂူဂျာရတ်ဒါရိုက်တာ မိုဟန်တီ က ပြောခဲ့ပြီး ဖြစ်စဉ်ဟာ ညသန်းခေါင်အထိ ကြာမြင့်နိုင်တယ် လို့လည်း သတိပေးထားပါတယ်။ 

ဆိုင်ကလုန်းမုန်တိုင်းဟာ အာရေဗျပင်လယ်အတွင်း လှိုင်းအမြင့် (၇) ပေကနေ (၁၀) ပေအထိ ဖြစ်ပေါ်နိုင်ပြီး နှစ်နိုင်ငံလုံးက မြေနိမ့်ကမ်းရိုးတန်းဒေသတွေမှာ ရေလွှမ်းမိုးနိုင်တယ်လို့ သူက ပြောပါသေးတယ်။ 

အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ (၇၁) မိုင်မှ (၇၈) မိုင်နှုန်းအထိ တိုက်ခတ်နိုင်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းက ခန့်မှန်းခြေထက် ကျဆင်းသွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ 

ဆိုက်ကလုန်းမုန်တိုင်း ဒဏ်ခံရဖွယ်ရှိနေတဲ့ ဂူဂျာရတ်ရှိ ကမ်းရိုးတန်းခရိုင်(၈)ခုမှ လူ(၉၅၀၀၀) နီးပါးကို ဘေးလွတ်ရာကို ရွေ့ပြောင်းထားသလို ကယ်ဆင်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့တယ် လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပြီး ပါကစ္စတန်မှာတော့ လူ(၆၂၀၀၀) ကို အန္တရာယ်များတဲ့ နေရာတွေကနေ ရွှေ့ပြောင်းပေးထားတယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။ 

နှစ်နိုင်ငံခုံးက မုန်တိုင်းဘေးရှောင် ဒုက္ခသည်တွေ ခိုလှုံဖို့အတွက် ကျောင်းခန်းမတွေနဲ့ တခြားအစိုးရ အဆောက်အအုံတွေကို ယာယီကယ်ဆယ်ရေး နေရာတွေအဖြစ် တည်ထောင် ထားတယ်လို့ လည်း သိရပါတယ်။ 

ဆိုင်ကလုန်းမုန်တိုင်းအတွက် ဆေးရုံတွေက သတိပေးချက်ထုတ်ပြန်ထားကြသလို ပါကစ္စတန် ကမ်းရိုးတန်းဒေသ တချို့မှာလည်း သင်္ဘောတွေနဲ့ လှေတွေကို ရွှေ့ပြောင်းထားတယ်လို့ သိရပါ တယ်။ 

စီးပွားရေးအချက်အခြာဖြစ်တဲ့ ကရာချီမှာတော့ မုန်တိုင်းဘေး မကြုံခဲ့ရပေမယ့် ခန့်မှန်းထားတဲ့ လေပြင်းနဲ့ မိုးရွာသွန်းမှုမှ ကာကွယ်ဖို့ အရေးပေါ် အစီအမံတွေ လုပ်ဆောင်နေတယ်လို့ ပါကစ္စတန် ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ဝန်ကြီးက ပြောခဲ့ပါတယ်။ 

အိန္ဒိယအာဏာပိုင်တွေကတော့ လာမယ့် ရက်ပိုင်းအထိ ငါးဖမ်းတာကို ဆိုင်းငံ့ထားပြီး စာသင် ကျောင်းတွေနဲ့ ကမ်းခြေတွေကို ပိတ်ထားကာ ဂူဂျာရတ် ကမ်းရိုးတန်းက ကမ်းလွန်ရေနံ တပ်ဆင် မှုနဲ့ အဓိက ဆိပ်ကမ်း အများအပြားရှိတဲ့ လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.